ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ May your mind and body be peaceful! 祝你身心愉快! ပျော်ရွှင်ပါစေ။ May you be happy! 祝你快乐! မောင်မောင် - ဘာသာပြန်မှတ်စုများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ May your mind and body be peaceful! 祝你身心愉快! ပျော်ရွှင်ပါစေ။ May you be happy! 祝你快乐! မောင်မောင် - ဘာသာပြန်မှတ်စုများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ May your mind and body be peaceful! 祝你身心愉快! ပျော်ရွှင်ပါစေ။ May you be happy! 祝你快乐!

Wednesday, June 20, 2012

အကြောင်းပြချက်


理由

演唱           : 林忆莲                                                  词 : 李宗盛                  
Yǎn chàng : Lín yì lián [Sandy Lam]                        Cí : Lizōngshèng [Jonathan Lee]  

: 张震岳                                                               专辑     : 铿锵玫瑰
Qǔ : Zhāngzhènyuè                                                 Zhuānjí : Kēngqiāng méiguì

Paul and Nancy 是我的朋友
Paul and Nancy shì wǒ de péngyǒu
Paul and Nancy are my friends
ပေါလ်နဲ့ နန်စီက တို့ရဲ့သူငယ်ချင်းတွေပါ 

男孩优秀女生温柔
Nánhái  yōuxiù nǚshēng wēnróu
Boy is outstanding and girl is gentle
ကောင်လေးက ထက်မြက်ပြီး ကောင်မလေးက နူးညံ့သိမ်မွေ့တယ်

今生缘份早在前世修前世修
Jīnshēng yuánfèn zǎo zài qiánshì xiū qiánshì xiū
Today's fate is the cause of deeds early in their past lives
ဒီကနေ့ရဲ့ဖူးစာဆိုတာ အတိတ်ဘ၀ အစောပိုင်းကတည်းက ပြုခဲ့ကြတာတွေကြောင့်ပါ 

Friday, August 19, 2011

Tinkering School (လက်တွေ့သင်တန်းကျောင်း)


   
     ဒီဟောပြောချက်ကို ဘာသာမပြန်ခင်က Tinkering ဆိုတဲ့ စာလုံးကို ကျစ်ကျစ်လစ်လစ် တိုတိုတုတ်တုတ် ဘာသာပြန်ဖို့စဉ်းစားပါသေးတယ်။ "လက်တွေ့ဆောက်လုပ်ရေး"၊ "ကလေးသူငယ် လက်တွေ့ဆောက်လုပ်ရေး"၊ "ဆောက်လုပ်ရေးလက်တွေ့"၊ "လက်တွေ့တည်ဆောက်ရေး" စသည်စသည်ဖြင့် ချာလပတ်ရမ်းခဲ့သေးတယ်။ နောက်တော့လည်း စိတ်လျှော့လိုက်ပြီး "လက်တွေ့" ဆိုတာကိုပဲ ခဏသုံးထားရတယ်။

Tuesday, July 19, 2011

အချစ်အတွက် ပျံသန်းမှု ဒိုင်ယာရီ


爱的飞行日记

歌曲:爱的飞行日记                                               歌手    :周杰伦 杨瑞代
Gēqǔ: Ài de fēixíng rìjì                                  Gēshǒu: Zhōujiélún Yángruìdài

专辑:跨时代
Zhuānjí: Kuà shídài

赤道的边境万里无云天很清
Chìdào de biānjìng wànlǐ wú yún tiān hěn qīng
အီကွေတာရဲ့ မိုင်ပေါင်းများစွာက ကောင်းကင်အနားစပ်မှာ တိမ်ကင်းစင်နေတယ်

爱你的事情说了千遍有回音
Ài nǐ de shìqíng shuō le qiān biàn yǒu huíyīn
မင်းကိုချစ်တဲ့အကြောင်း အခါတစ်ထောင်ပြောလို့ ပဲ့တင်သံတွေတောင် ဖြစ်နေပြီ

Friday, July 15, 2011

ချစ်စရာကောင်းတဲ့ မိန်းကလေး

可爱女人

歌曲:可爱女人                                                  歌手     :周杰伦
Gēqǔ: Kěài nǚrén                                      Gēshǒu: Zhōujiélún

:徐若瑄                                                            :周杰伦
Gēcí: Xúruòxuān                                       Gēqǔ   : Zhōujiélún

**[ 想要有直升机
Xiǎng yào yǒu zhíshēngjī
ရဟတ်ယာဉ်(အာကာသယာဉ်)လေးရှိချင်တယ်

想要和你飞到宇宙去
Xiǎng yào hé nǐ fēi dào yǔzhòu qù
စကြာစဠာထဲကို မင်းနဲ့အတူသွားချင်တယ်

Wednesday, July 6, 2011

အတောင်စုံတဲ့ မိန်းကလေး





揮著翅膀的女孩

歌手 : 冯曦妤 (Fiona Fung)
Gēshǒu: Féngxīyú 

歌曲 : Proud of you

当 我还是 一个懵懂的女孩
Dāng wǒ háishì yīgè měngdǒng de nǚhái
ငါဟာ ရူးမိုက်တဲ့ မိန်းကလေးဖြစ်နေခဲ့တုန်းက

遇到爱 不懂爱 从过去 到现在
Yù dào ài bù dǒng ài cóng guòqù dào xiànzài
ဟိုတုန်းကနေ အခုအထိ အချစ်နဲ့ဆုံဆည်းပေမယ့် အချစ်ကို နားမလည်ခဲ့ဘူး

直到他 也离开 留我在云海徘徊
Zhídào tā yě líkāi liú wǒ zài yúnhǎi páihuái
သူလည်း ခွဲခွာပြီး တိမ်ပင်လယ်ထဲမှာ ငါ့ကို လူးလားခေါက်ပြန် (ဖြစ်အောင်) ချန်ထားခဲ့တော့မှပဲ


Monday, July 4, 2011

ကြွက်ကလေးက ဆန်ကြိုက်သလို...

 
老鼠爱大米

歌手 : 杨臣刚                                                               专辑    : 童老鼠爱大米
Gēshǒu: Yángchéngāng                                                  Zhuānjí : Tóng lǎoshǔ ài dàmǐ

[我听见你的声音
Wǒ tīngjiàn nǐ de shēngyīn
မင်းအသံလေးကိုကြားရတာ

有种特别的感觉
Yǒu zhǒng tèbié de gǎnjué
ထူးခြားတဲ့ခံစားချက် တစ်မျိုးရှိနေတယ်

让我不断想不敢再忘记你
Ràng wǒ bùduàn xiǎng bù gǎn zài wàngjì nǐ
မင်းကို ထပ်မမေ့ရဲဖူးလို့ ငါ့ကို မပြတ်တွေးမိစေတယ်


Tuesday, June 21, 2011

TED အကြောင်း တစေ့တစောင်း

     TED ဆိုတာ အကျိုးအမြတ်မရှာတဲ့၊ ဖြန့်ဝေထိုက်တဲ့ ideas တွေကို ဖြန့်ဝေပေးဖို့ ဖွဲ့စည်းဖြစ်သွားတဲ့ အဖွဲ့အစည်းကြီးပါ။ ၁၉၈၄ ခုနှစ်က Technology, Entertainment, Design ဆိုတဲ့ နယ်ပယ်သုံးခုက လူတွေစုပြီး အစည်းအဝေးပွဲကြီးအနေနဲ့ စတင်ခဲ့တာကနေ တဖြည်းဖြည်းချင်း ကျယ်ပြန့်လာခဲ့တာပါ။ TED ဆိုတဲ့ နာမည်ကိုလည်း ဒီနယ်ပယ်သုံးခုရဲ့ ထိပ်စာလုံးလေးတွေကို ယူပြီး နာမည်ပေးထားတာပါ။

     ကမ္ဘာသူကမ္ဘာသားအားလုံးအတွက် အကျိုးရှိနိုင်မယ့် အကြောင်းတွေကို ပြောဆိုခွင့်ရအောင် ဖန်တီးပေးထားတဲ့ Talk Program တစ်ခုပါ။ နောက်တော့ အရမ်းကျယ်ပြန့်လာတော့ TED အဖွဲ့အစည်းကြီး ဖြစ်သွားပါတယ်။ နိုင်ငံတကာမှာလဲ TED လိုပုံစံမျိုးတွေ ပြန့်ပွားလာအောင် သီးခြားကျင်းပလို့ရတဲ့ စကားပြောပွဲတွေ လုပ်လို့ရအောင် အခွင့်အလမ်းတွေပေးထားတယ်။ ဒါကို TEDx လို့ နာမည်ခွဲလေးပေးထားပါတယ်။  ပြောထားတဲ့ Talks တွေကို မှတ်တမ်းတင်ထားပြီး www.ted.com မှာ ပြန်တင်ပေးပါတယ်။

Monday, June 6, 2011

သံတမန်မိန်းမသားတစ်ဦးအဖြစ်

   

     မိန်းမတစ်ယောက်အနေနဲ့ ယောက်ျားတွေအများကြီးနဲ့ ရင်ဘောင်တန်းပြီး အလုပ်တွေကို လုပ်ပြနိုင်တာ ဂုဏ်ယူစရာပဲ။ ဒါပေမယ့် အဲဒီလို မိန်းမတွေ နည်းနေသေးတယ်။ တခြားရှုထောင့်က ပြောရရင်  လူအသိုင်းအ၀ိုင်းကြီးတစ်ခုလုံးက ဒါကို မသိကျိုးကျွံပြုထားတယ်ဆိုတဲ့ အချက်ပါ။ တစ်ချို့ မိန်းမတွေတော်တာ ယောက်ျားတွေထက်သာတာကို ယောက်ျားတွေက လက်မခံကြဘူး။ တစ်ချို့ကိစ္စတွေမှာဆို မိန်းမတွေအရာပါတယ်လို့တောင် ထင်တာမဟုတ်ဘူး။

     အဲဒီလို ယောက်ျားတွေက တွေးနေချိန်မှာ မိန်းမတော်တော်များများကလည်း ယောက်ျားတွေနဲ့ ရင်ဘောင်တန်းနိုင်ဖို့ မိန်းမတွေရဲ့ အားနည်းချက်ကို မစွန့်လွှတ်ကြဘူး။

    ဒါတွေကို မဒ်ဒယ်လိုင်း အဲလ်ဘရိုက် က မိန်းမတွေကို အားမရတဲ့လေသံနဲ့၊ ယောက်ျားတွေကို အမြင်ကြည်ဖြူကြပါလို့ တိုက်တွန်းပြောကြားသွားတဲ့ အကြောင်းအရာလေးပါ။ အင်္ဂလိပ်လို နားထောင်ရမှာ အခက်အခဲရှိသူများအတွက် မြန်မာလို စာတန်းထိုး ဘာသာပြန်ပေးထားပါတယ်။

*(ဘာသာပြန်သူရဲ့ အာဘော် မဟုတ်ကြောင်းပါ။)

     ဒီ Video ကို ကိုယ်ရဲ့ blog post ထဲမှာ embed လုပ်တော့ Dotsub က ကိုယ်ကြိုက်ရာ ဘာသာစကားနဲ့ ကြည့်လို့ရအောင် စာတန်းထိုးရွေးချယ်ခွင့်ပေးထားတယ်။ TED ကတော့ Subtitles ရွေးချယ်ခွင့်ကို မပေးထားဘူး။ စပြီးဘာသာပြန်ဖို့ ရွေးချယ်လိုက်တာကတော့ TED မှာပါ။ ဒါပေမယ့် တကယ်ဘာသာပြန်ရတော့ Dotsub မှာ။ ဘာပဲပြောပြော ဘာသာပြန်ဖြစ်သွားတယ်။ သိပ်အကောင်းကြီး မဟုတ်ပေမယ့် မဆိုးလှဘူးလို့ပဲ ကိုယ့်ကိုယ်ကို နှစ်သိမ့်ရမှာပါ။ ဒီ Talk အတွက် ဘာသာပြန်ထားတာကို Review ပြန်လုပ်ပေးတဲ့ TED က စာတန်းထိုး ဘာသာပြန် ဖြစ်တဲ့ Reviewer ကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောကြားလိုက်ပါတယ်။


တိုးတက်ကြပါစေ...
ပျော်ရွှင်ကြပါစေ...
မောင်မောင်

Monday, May 30, 2011

နားစိုက်ထောင်ပါ၊ သင်ယူပါ...ပြီးရင် ဦးဆောင်ပါ

  
   အကြောင်းအရာလေးက မဆိုးပါဘူး။ ခေါင်းဆောင်တစ်ဦးအနေနဲ့  ခေါင်းဆောင်တစ်ယောက် လုပ်ရမယ့် အရေးအကြီးဆုံးကဏ္ဍဖြစ်တဲ့ လက်အောက်ငယ်သားတွေဆီက သင်ယူလေ့လာဖို့၊ သူတို့ဆီက အသံတွေကို နားစိုက်ဖို့၊ တူညီတဲ့ သဘောထားအသိနဲ့ ပန်းတိုင်ကိုအားလုံး ဦးတည်ဆက်သွားနိုင်အောင် ယုံကြည်မှုတွေ မပြတ်တည်ဆောက်ပေးနေဖို့၊ မိမိကိုယ်တိုင် စိတ်ဓါတ်ကြံ့ခိုင်ပြီး ငယ်သားတွေကိုလည်း အားပေးဖို့၊ လက်အောက်ငယ်သားတွေကို ဆုံးရှုံးမှုမကြုံရအောင် ထောက်ပြပြောဆို ကာကွယ်စောင့်ရှောက်ဖို့၊ အခြေအနေအပြောင်းအလဲမှာ ကိုယ်ကစပြီးသွေးမပျက်ဖို့၊ စတာတွေ ကို စတန်လီ မက်ခရစ်စတယ်က ပြောသွားတာပါ။

     နောက်ပြီး အင်္ဂလိပ်လိုနားထောင်ရမှာ အခက်အခဲရှိတဲ့သူတွေ၊ မြန်မာလိုတိုက်ရိုက် စာတန်းဖတ်ချင်တဲ့ သူတွေအတွက် အကူအညီရအောင် ဘာသာပြန်ပေးထားတာပါ။ မြန်မာစာတန်းထိုးလေးနဲ့ နားထောင်ချင်ရင်တော့ Video ကို Play မလုပ်ခင် Sub Title မှာ မြန်မာဘာသာကို အရင် ရွေးလိုက်ပါ။

     ဘာသာပြန်ကို နောက်တစ်မျိုးစမ်းကြည့်ခြင်းပါ။ စာပိုဒ်တွေကို ဘာသာပြန်ရတာနဲ့တော့ မတူပါဘူး။ ရှိသမျှ ၀ါကျတွေကို သူ့ Time Stamp အတိုင်း လျှောက်ပြီး ခွဲစိတ်ပစ်ရတော့ စကားအထောက်လေးတွေ လိုက်ပြောင်းပေးရတဲ့ ပြသနာ တစ်ခုရှိလာတယ်။ ရှေ့နောက်စပ်ဆက်နိုင်တဲ့အား လျော့သွားမှာတော့ စိုးရတယ်။ အကောင်းဆုံးတော့ ကြိုးစားထားကြည့်တယ်။ တစ်ချို့ကိုတော့ ဘာသာပြန်လို့မရဘူး။ ရမ်းတုတ်လိုက်ရတယ်။ ဥပမာ "under academy" လိုဝေါဟာရမျိုး။ ရှာတုန်းပဲ။ တွေ့သေးဘူး။

ဗဟုသုတ တိုးကြပါစေ...
ပျော်ရွှင်ကြပါစေ...
မောင်မောင်

Tuesday, December 21, 2010

နံပါတ်-၄ ပေမယ့်...

     အကြိတ်အနယ်ယှဉ်ပြိုင်ရတဲ့ တာဝေးအပြေးပြိုင်ပွဲတစ်ခုမှာပါ။ ပြိုင်ပွဲဝင်တွေကတော့ အယောက် ၂၀-၃၀ လောက်ရှိတယ်။ အားလုံးကတော့ သက်ဆိုင်ရာအုပ်စုပွဲတွေကနေ ရွေးချယ်ခြင်းခံထားတဲ့ လက်ရွေးစင်တွေပါ။

     နောက်ဆုံးဆုရမယ့်လူက ၃-ယောက်ထဲဆိုတော့ ပြိုင်ပွဲက တော်တော်လေးကို အကြိတ်အနယ်ပါပဲ။

     အဲဒီမှာ လက်ရွေးစင်တစ်ယောက်က ခြေတစ်လှမ်းစာလောက်လေး နောက်ကျသွားလို့ နံပါတ်-၄ နေရာကိုပဲ ရသွားတယ်။

     ဒါပေမယ့် သူခံရတဲ့ ဝေဖန်မှုတွေကတော့ သူ့ထက်ညံ့တဲ့ လက်ရွေးစင်တွေထက် ပိုတောင်ဆိုးဝါး ပါတယ်။

     ‘‘တကယ့်ကို အလဟသတ်ပဲ။ ဒီလိုပြေးပုံနဲ့များကွာ၊ နောက်က ပြန်ရေရင် ၁-ရတဲ့သူနဲ့ ဘာများထူးလို့တုန်း။’’  ဒါကတော့ လူအများရဲ့ အမြင်ပဲ ဖြစ်ပါတယ်။

     ဒီလက်ရွေးစင်ကတော့ ဘာမှမဖြစ်သလိုနဲ့ ပြောပါတယ်။ ‘‘ဆုမရပေမယ့် ဘာအဆင့်မှမချိတ်တဲ့ လက်ရွေးစင်အားလုံးထဲမှာတော့ ကျွန်တော်က နံပါတ်-၁ ပဲဗျ။’’

     လူတွေရဲ့တာဝန်ကင်းမဲ့တဲ့ လှောင်ပြောင်သံတွေကို ကျွန်တော် စောဒက မတက်လိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက်သားကို အထင်အမြင်သေးတတ်တဲ့ လူတွေရဲ့ တစ်ဖက်စောင်းနင်း အမြင်တွေဟာ ခွန်းတုံ့ပြန်ဖို့ မတန်လို့ပါ။ ဒါပေမယ့် အေးအေးဆေးဆေး ရယ်မောပြောဆိုနေတဲ့ ဒီလက်ရွေးစင်ကိုတော့ ကျွန်တော် စိတ်ထဲက လှိုက်လှိုက်လှဲလှဲ လေးစားမိပါတယ်။ သူ့ရဲ့ ဟာသနှောတဲ့ အကောင်းမြင် စိတ်ထားဟာ အဆင့်ချိတ်တာ၊ ဆုရတာတွေထက် အဆပေါင်းများစွာ တန်ဖိုးရှိလှပါတယ်။

     ပြိုင်ပွဲထဲမှာလည်း သူဟာ ပေါ့ပေါ့လျော့လျော့မနေခဲ့သလို ပြိုင်ပွဲပြင်ပမှာလည်း သူဟာ ယှဉ်ပြိုင်စွမ်းရည် ပိုလို့တောင်ပြည့်စုံပါနေသေးတယ်။ ရှူံးလည်းရှူံးရဲသလို နိုင်လည်းနိုင်ရဲပါတယ်။

----------------------------------------------------------------------------------------------
ဒီဘာသာပြန်ရဲ့ မူရင်းကတော့ Think Differently - Realize The Possibilities လို့ နာမည်ပေးထားတဲ့ 让思维转个弯(肖邦振) စာအုပ်ထဲကပါ။ ဒီပုံပြင်ရဲ့ မူရင်း ခေါင်းစဉ်ကတော့ 可敬的第四名 ဆိုတာပဲဖြစ်ပါတယ်။

ပျော်ရွှင်ကြပါစေ
မောင်မောင်
၂၁.၁၂.၂၀၁၀ နေ့လည် ၄း၄၁ နာရီ

တရုတ်စာအတွက် OCR အဘိဓါန် iPhone မှာသုံးနိုင်...

မနေ့က Yahoo သတင်းကနေ Word Lens အကြောင်းရေးဖြစ်သွားတယ်။ ဒီနေ့လည်း တရုတ်စာလေ့လာနေတဲ့ သူငယ်ချင်းများအတွက် OCR နည်းပညာသုံးထားတဲ့ အဘိဓါန်လေးအကြောင်းကို အမှတ်မထင် သိလိုက်ရလို့ ဖြန့်ဝေလိုက်ပါတယ်။

ဆော့ဝဲနာမည်ကိုတော့ Pleco လို့ပေးထားပါတယ်။ New York ကကုမ္ပဏီလေးတစ်ခုက တရုတ်စာလေ့လာဖို့အတွက် အကောင်းဆုံးပစ္စည်းကို ထွင်ဖို့ကိုပဲအာရုံထားပြီး လုပ်ခဲ့တာပါ။ တရုတ်ဝေါဟာရတွေကို မတူညီတဲ့ အဘိဓါန် ၈-မျိုးလောက်ကနေ ရှာလို့ရအောင်လုပ်ပေးထားပါတယ်။ iPhone, iPod Touch, iPad, Windows Mobile နဲ့ Palm OS တွေအားလုံးမှာ သုံးလို့ရနေပါပြီ။ ဒီ ပစ္စည်းတွေရဲ့ screen ပေါ်မှာလက်နဲ့ရေးတာပဲဖြစ်ဖြစ်၊ Pinyin နဲ့ရှာရင်ပဲဖြစ်ဖြစ် ရပါတယ်။ အသံလည်းထွက်ပေးနိုင်ပြီး စုတ်ချက်အစဉ်လိုက်ရေးတဲ့ ဇယားတွေလည်းပါပါတယ်။ e-book တွေကို ဖတ်လို့ရအောင် document reader ကိုလည်း ထည့်သွင်းပေးထားပါတယ်။ ပြီးတော့ မိမိဖာသာ ပြုပြင်ပြောင်းလဲလို့ရတဲ့ flashcard စနစ်တွေကိုလည်း ထည့်သွင်းပေးထားတဲ့ အဆင့်မြင့်ဆုံးတီထွင်မှုတစ်ခုဖြစ်ပါတယ်။ ဒါတွေအားလုံးကို phone စတဲ့ ပစ္စည်းကိရိယာလေးတစ်ခုထဲမှာ ထည့်သွင်းပေးထားတဲ့အတွက် သွားလေရာအိတ်ထဲဆောင်နိုင်ပါတယ်။

ဒါကတော့ Pleco ရဲ့ မူရင်း web site ပါ။ http://www.pleco.com/

ဒါကတော့ ဒီဆော့ဖ်ဝဲအသုံးပြုပုံကို Youtube
မှာကြည့်ဖို့ပါ။



တခြားသော တရုတ်စာနဲ့ပတ်သက်တဲ့ phone ဆော့ဖ်ဝဲတွေကို လည်း လေ့လာနိုင်အောင် Link တွေပေးလိုက်ပါတယ်။

Lost In China
Document Scanner

ပျော်ရွှင်ကြပါစေ...
မောင်မောင်
၂၁-၁၂-၂၀၁၀ နေ့လည် ၂း၅၅ နာရီ

Monday, December 20, 2010

iphone က ခရီးသွား ဘာသာပြန်တဲ့...

ဒီ ပို့စ်ကတော့iphone ကနေ အင်တာနက် မချိတ်ပဲ တိုက်ရိုက် ဘာသာပြန်နိုင်တဲ့ Word Lens Application လေးအကြောင်းပါ။ Yahoo သတင်းမှာ ပါလာတော့ စိတ်ဝင်စားတာနဲ့ ဖြန့်ဝေပေးလိုက်တာပါ။

နိုင်ငံခြားတိုင်းပြည်မှာ ခရီးသွားရင်း စားသောက်ဆိုင်က ဟင်းစာရင်းတွေ၊ လမ်းပြ အမှတ်အသားတွေကို ဖတ်ဖို့ အခက်အခဲဖြစ်နေပါသလား? Word Lens ဆိုတဲ့ (AR - Augmented Reality)*  (ရုပ်ပုံစာသားများကို လက်တွေ့လောကတွင် အသုံးချနိုင်အောင် ဒီဂျစ်တယ်ပစ္စည်းများဖြင့် ပြုပြင်ချဲ့ထွင်ထားသော )* ဘာသာပြန် အသုံးချဆော့ဖ်ဝဲ လေးက သင့်ကို ကယ်ဆယ်နိုင်ပါလိမ့်မယ်။

ဒီအသုံးချ ဆော့ဖ်ဝဲလေးကိုသာ ဖွင့်လိုက်ပါ။ ပြီးရင် ကိုယ်ဘာသာပြန်ချင်တဲ့ စာသားကို iphone ကင်မရာနဲ့ ချိန်လိုက်တာနဲ့ Word Lens က မျက်စိတမှိတ်အတွင်းမှာပဲ မျက်လှည့်ပြလိုက်သလို ဘာသာပြန်ပေးသွားပါလိမ့်မယ်။ ပုံထဲမှာ ရှိတဲ့စာသားကလွဲရင် အားလုံးက နဂိုအတိုင်းကျန်နေမှာပါ။ ဘာသာပြန်ကိုတော့ အဝေးကနေလုပ်ပေးသွားမှာပါ။ ဒါပေမယ့် အင်တာနက်တို့ ဖုန်းချိတ်ဆက်မှုတို့ လုပ်စရာမလိုပါဘူး။

ဒီအသုံးချ ဆော့ဖ်ဝဲလေး အလုပ်လုပ်သွားပုံကတော့ ဒီလိုပါ။ (OCR - Optical Character Recognition)* (စာအုပ်၊ ရုပ်ပုံမှ စာသားများကို ဒီဂျစ်တယ်အဖြစ် တိုက်ရိုက်ကူးယူဖတ်မှတ်ပြီး ပြုပြင်ပြောင်းလဲနိုင်သော)* ဆိုတဲ့ နည်းပညာကို အသုံးပြုပြီး iphone ကင်မရာကနေ စာသားတွေကို ဖတ်ပါတယ်။ ပြီးတော့ ချက်ချင်း ဘာသာပြန်တယ်။ ပြီးရင် နိုင်ငံခြားဘာသာစာလုံးတွေကို အဓိပ္ပါယ်တူ အင်္ဂလိပ်စာသားနဲ့ အစားထိုးပေးလိုက်ပါတယ်။ အင်္ဂလိပ်သာသာကနေ နိုင်ငံခြားဘာသာစကားကိုလည်း ဒီလိုပဲ အပြန်အလှန် အစားထိုးပေးပါတယ်။
 
စိတ်တွေကို တုန်လှုပ်သွားစေတဲ့ ဒီဘာသာပြန်နည်းပညာကို Quest Visual ကို တည်ထောင်ခဲ့တဲ့ အိုတာဗီယိုဂွတ် နဲ့ ဂျွန်ဒီဝီးဇ် (Otavio Good and John DeWeese) တို့က ၂နှစ်ခွဲကြာ အချိန်ယူပြီး ဖေါ်ထုတ်ခဲ့တာပါ။
 
ဒီအသုံးချဆော့ဖ်ဝဲလေးက လောလောဆယ်မှာတော့ စပိန်ဘာသာနဲ့ အင်္ဂလိပ်ဘာသာကိုသာ အပြန်အလှန် ပံ့ပိုးပေးနိုင်ပါသေးတယ်။ နောက်ထပ်သာသာစကားတွေနဲ့ မျက်မမြင်တွေအတွက် အသုံးချဆော့ဖ်ဝဲတွေကိုတော့ ထည့်သွင်းဖို့လုပ်နေဆဲပဲဖြစ်ပါတယ်။

‘‘နောက်ထည့်မယ့်သာသာစကားကို ပြင်သစ် ဒါမှမဟုတ် အီတလီ လုပ်မယ်ဆိုလည်း ကျွန်တော်ကတော့ မအံ့ဩပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့အမေက ပေါ်တူဂီစကားပြောတဲ့ ဘရာဇီးနိုင်ငံသူ  (Brazilian) ဖြစ်နေလို့ပါပဲ ’’ လို့ ဂွတ်က ပြောဆိုလိုက်ပါတယ်။

Word Lens ကို Apple Store မှာတော့ အလကားရနိုင်ပေမယ့် စာသားတွေကို Screen ကနေ ပြန်ဖျက်သွားတာကို တွေ့ရပါလိမ့်မယ်။ အပြည့်အ၀သုံးလို့ရအောင် ဖွင့်ဖို့ကိုတော့ လောလောဆယ်ရနိုင်တဲ့ ဘာသာစကားတစ်ခုချင်းစီအတွက် အမေရိကန် ဒေါ်လာ ၄.၉၉ စီပေးပြီ ၀ယ်မှရပါမယ်တဲ့ဗျား....

ဒါကတော့ Youtube မှာတင်ထားတဲ့ ဒီဆော့ဖ်ဝဲအသုံးပြုပုံနမူနာလေးပါ။


ဒါကတော့ yahoo ကသတင်း Link ပါ။ 

ပျော်ရွှင်ကြပါစေ...
မောင်မောင်
၂၀-၁၂-၂၀၁၀ နေ့လည် ၂း၁၄ နာရီ

Thursday, November 4, 2010

အကြံပိုင်တဲ့အဘိုးအို...

     မစ္စတာ ဘေဒိုဟာ ပင်စင်ယူလိုက်ပြီးနောက် သူ့ရဲ့အရွယ်အိုဘ၀ကို အေးအေးဆေးဆေး နေဖို့နဲ့ မှတ်မိရာရာတွေကို မှတ်တမ်းပြန်ရေးဖို့အတွက် ဘာလင်မြို့ပြင်နဲ့နီးတဲ့နေရာမှာ အိမ်တလုံးဝယ်လိုက်ပါတယ်။ လုံးချင်းအိမ်ပုံစံဖြစ်ပြီး စတိုင်လည်းကျပါတယ်။ အိမ်ရဲ့ဘယ်ဘက်ဘေးမှာ ပြတင်းတစ်ခုဖေါက်ထားပြီး  အဲဒီရှေ့မှာတော့ ရေမြောင်းတစ်ခုရှိပါတယ်။ နှစ်များစွာ အမြဲရေစီးဆင်းနေပြီး အောက်ခြေအထိ မြင်ရလောက်အောင် ရေကကြည်လင်လှပါတယ်။ မစ္စတာဘေဒိုက ဒါကို အရမ်း သဘောကျပါတယ်။

     စပြီးနေကာစလောက်မှာတော့ အရာအားလုံးက အဆင်ပြေပါတယ်။ တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်ဟာ အဘိုးကြီးရဲ့ နေ့စဉ်ဘ၀နဲ့ စာရေးဖို့အတွက် အလွန်ကောင်းပါတယ်။ ဒါပေမယ့် ဘယ်လောက်မှတောင် မနေလိုက်ရသေးဘူး အသက်ဆယ်နှစ်ကျော် ကလေးတစ်ချို့ ကျောင်းလွှတ်ပြီဆိုတာနဲ့ ဒီနေရာမှာလာပြီး ဆော့ကြပါတယ်။ သူတို့ကအသံဗြဲနဲ့ ရေထဲမှာ ရေပက်တမ်းဆော့ကြတယ်။ အချင်းချင်းလည်း ရွှံ့တွေနဲ့ပစ်ကြဆိုတော့ အဖိုးကြီးအိမ်က ပြတင်းမှန်ပေါ်ကိုတောင် ရွှံ့တွေနဲ့ပေါက်မိကုန်တယ်။  ကလေးတွေက နေ့တိုင်းနီးပါးလိုလို ရေလာဆော့ကြတယ်။ သူတို့က အရမ်းပျော်သလောက် အဘိုးကြီးခမြာမှာတော့ စိတ်ညစ်ပြီး နေမထိထိုင်မသာ ဖြစ်နေတော့တာပေါ့။

     မစ္စတာဘေဒိုဟာ ဒီလိုနှိပ်စက်ကလူပြုမှုကို မခံနိုင်တဲ့အဆုံး တနေ့မှာတော့ ဒီတိုင်းထိုင်မနေနိုင်တော့ဘဲ ခြံပြင်ထွက်ပြီး ကလေးတွေနဲ့ သွားဆွေးနွေးပါတယ်။ ကလေးတွေကိုတော့ ဒီလိုပြောပါတယ်။ ‘‘မင်းတို့ဆော့တာတော်တော်ပျော်ကြပုံပဲ။ ငါလည်း မင်းတို့ ရေထဲမှာဆော့တာကို  ကြည့်ရတာ သဘောကျတယ်။ မင်းတို့ နေ့တိုင်းလာကစားနိုင်မယ်ဆိုရင် တစ်ယောက်ကို တစ်နေ့ တစ်ကျပ်စီပေးမယ်။’’ ကလေးတွေလည်း အရမ်းပျော်သွားကြတာပေါ့။ ပိုလို့တောင် စိတ်ပါလက်ပါနဲ့ ရေလာကစားကြပါတယ်။ ပြီးတော့လည်း တစ်ယောက်ကို တစ်ကျပ်စီရကြပါသေးတယ်။

     နှစ်ရက်လောက်လည်းကြာရော ကလေးတွေရေကစားပြီးတဲ့အချိန်မှာ အဘိုးကြီးက ထွက်လာပြီးပြောတယ်။ ‘‘ငွေကြေးဖောင်းပွမှုဖြစ်နေတဲ့အတွက် ငါ့ရဲ့ ပင်စင်ဝင်ငွေက တစ်ဝက်တောင် လျော့သွားတယ်ကွာ။ ဒါကြောင့် မင်းတို့ကို တစ်ရက် ငါးမူးစီပဲပေးနိုင်တော့မယ်။ ’’ ကလေးတွေက သိပ်မပျော်ကြပေမယ့် လက်တော့ လက်ခံလိုက်ကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့စိတ်ပါဝင်စားမှုက သိပ်မပြင်းထန်တော့ပါဘူး။

     နောက်ထပ်တစ်ပတ်ကျော်သွားတော့ ကလေးတွေရေကစားပြီးတဲ့အချိန်မှာ အဘိုးကြီးဘေဒိုဟာ ဆံပင်စုတ်ဖွားနဲ့ထွက်လာပြီး ကလေးတွေကို စိတ်ညစ်နေတဲ့ပုံစံနဲ့ပြောပါတယ်။ ‘‘စိတ်တော့မကောင်းပါဘူးကွာ။ အခုတလော (၀င်ငွေထွက်ငွေ)မနည်းကာမိအောင်နေရတယ်ကွာ။ ဒါကြောင့် တစ်ယောက်ကို တစ်ရက် ၁၀ပြားစီပဲ ပေးနိုင်တော့မယ်။’’

     အဲဒီမှာ ကလေးတစ်ယောက်က စိတ်ဆိုးပြီးတော့ ‘‘၁၀ပြား၊ ဟုတ်လား? နည်းလွန်းတယ်။ ကျွန်တော်တို့ ဆက်မလုပ်နိုင်တော့ဘူး။ သွားကြမယ်ဟေ့။ အရူးအဘိုးကြီးပါကွာ...’’ လို့ပြောပြီး စကားဆုံးတာနဲ့ ထွက်သွားကြပါတော့တယ်။ အဲဒီနောက်ပိုင်းမှာ ကလေးတွေ တစ်ခါမှပြန်မလာကြတော့ပါဘူး။

     မစ္စတာဘေဒိုကတော့ ပြုံးပြီး ‘‘ငါ့ကိုများ ရူးတယ်တဲ့။ ဟား..ဟား...။ တယ်လည်းတတ်နိုင်တဲ့  ကောင်လေးတွေပဲ...’’

     မစ္စတာဘေဒိုဟာ သူ့ရဲ့ရည်ရွယ်ရာကို သွယ်ဝိုက်တဲ့နည်းနဲ့ အရောက်သွားခဲ့ပါတယ်။ တကယ်လို့များ ဒဲ့ဒိုးပြောလိုက်ရင် မခြေမငံဖြစ်သွားနိုင်ပါတယ်။  ကလေးတွေ နားထောင်နိုင်ပါ့မလားပေါ့?  ဆက်ဆံရတာ ပိုခက်ချင်လည်း ခက်သွားနိုင်ပါတယ်။ ဒါကြောင့် သူက  ကလေးတွေရဲ့ ဆန့်ကျင်ဘက်တုံ့ပြန်တတ်တဲ့ စိတ်သဘောကို ပညာပါပါနဲ့အသုံးချလိုက်ပြီး အေးချမ်းတိတ်ဆိတ်တဲ့ နေ့ရက်တွေကို ပြန်လည်ရရှိသွားခဲ့ပါတော့တယ်။

----------------------------------------------------------------------------------------------
ဒီဘာသာပြန်ရဲ့ မူရင်းကတော့ Think Differently - Realize The Possibilities လို့ နာမည်ပေးထားတဲ့ 让思维转个弯(肖邦振) စာအုပ်ထဲကပါ။ ဒီပုံပြင်ရဲ့ မူရင်း ခေါင်းစဉ်ကတော့ 疯老头的计谋 ဆိုတာပဲဖြစ်ပါတယ်။


ပျော်ရွှင်ကြပါစေ
မောင်မောင်
၀၄.၁၁.၂၀၁၀ ည ၁၀း၀၄ နာရီ

Wednesday, October 20, 2010

မမှေးမှိန်နိုင်သေးသော...နေရာ

     သာသာပြန်တာ မလုပ်ဘဲနဲ့ ဘာသာပြန်အကြောင်းလေး ကြုံလို့ ပြောချင်ပါတယ်။ ၂၀၀၃-၂၀၀၄ နှစ်ပိုင်းတွေလောက်ကပေါ့။ ဘာသာစကား စလေ့လာခါစက ဘာသာပြန်ကို software တွေကနေတစ်ဆင့်ဘာသာပြန်နိုင်ရင် သိပ်ကောင်းမှာပဲလို့ တွေးခဲ့မိတယ်။ ဘာကြောင့်လဲဆိုတော့ ဘာသာပြန်ဖို့ ကြိုးစားတိုင်း  ခေါင်းအရမ်းကိုက်တယ်။ Dictionary လှန်ရ၊ သင့်တော်တဲ့ ဝေါဟာရ ရှာရ၊ ဟိုလူ့မေးဒီလူ့မေးလုပ်ရ၊ ဆရာတွေဆီပြေးရနဲ့ အလုပ်အရမ်းရှုပ်ရတယ်။ (စာဖတ် စာမှတ် ပျင်းတာလည်းပါပါတယ်။) နောက်ဆုံး မသိလို့ရောချရတာမျိုးလည်း မလုပ်ချင်တော့ ဆက်ပြီး ဘာသာမပြန်ဖြစ်တော့ဘူး။ စမ်းကြည့်လိုက်။ ရပ်သွားလိုက်ပေါ့။

    ဘာသာပြန်ကတော့ တရုတ်နဲ့ အင်္ဂလိပ်ကနေ မြန်မာကို ဘာသာပြန်တာပါ။ ဒါပေမယ့် Chinese-English နဲ့ English-Chinese Dictionary စာအုပ်နဲ့software နှစ်မျိုးလုံးကို ကိုးကားရပါတယ်။  ဒီနှစ်ခုသိမှ မြန်မာလို သာသာပြန်လို့ အဆင်ချောပါတယ်။ အဲဒီတုန်းက တရုတ်စာရိုက်တဲ့ Software တွေဖြစ်တဲ့ Twin-Bridge တို့၊ C-Star တို့ ဆိုတာတွေနဲ့ Word-To-Word Translation လောက်ကိုပဲ စမ်းကြည့်ရင်း နောင်ဆိုရင် ၀ါကျတစ်ကြောင်းချင်း၊ စာတစ်ပိုဒ်ချင်း ဘာသာပြန်လာနိုင်တဲ့ အဆင့်အထိ တွေးကြည့်ခဲ့မိဖူးတယ်။ ဒါဆိုရင် တော်တော်သက်သာမယ်ပေါ့။ တွေးပျော်ခဲ့ပါတယ်။

     အခု  ၂၀၁၀ ထဲမှာ။ ဒီ blog လေးမှာ ဟိုရေးဒီရေးလုပ်ကြည့်ရင်းနဲ့ Google ရဲ့ Web Translation ကိုတော်တော် သဘောကျမိတယ်။ ဒါပေမယ့် သူကတော့ နှစ်တွေအများကြီးနဲ့ ဘာသာပြန်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တာရယ်၊ နေ့စဉ်အသုံးပြုသူ လူဦးရေကလည်း များလွန်းတာရယ်ကြောင့် သူ့ရဲ့ Translation Log တွေကနေတစ်ဆင့် အမြဲ Update လုပ်နိုင်ခဲ့ပုံရပါတယ်။ Disambiguation ကောင်းကောင်းလုပ်လာနိုင်ပါပြီ။ နောင်မှာ Google ဟာ ဘာသာစကားတော်တော်များများကို ပြည့်စုံလုနီးပါး ဘာသာပြန်ပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

     ဒါပေမယ့်ပေါ့လေ၊ မြန်မာစာတော့ Google မှာ မပါသေးဘူးလို့ထင်ပါတယ်။ မြန်မာတွေလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားနေကြတာ တွေ့နေရပါတယ်။ မြန်မာဘော့တော့ (mmbottalk)  ဆိုပြီး Gtalk မှာ Dictionary အသေးစားပုံစံနဲ့တောင် ပေါ်လာပါသေးတယ်။ စာရိုက်တုန်း၊ စကားပြောတုန်း  ဒီ  Gtalk Windows ကနေ အလွယ်ကိုးကားနိုင်အောင် စီစဉ်ပေးထားတာပါ။

     ဒီ ၄-၅-၆ နှစ်အတွင်းမှာ ဘာသာပြန်စွမ်းရည် တိုးတက်အောင်လုပ်ဖို့ အဓိကကျတဲ့ စာများများဖတ်ခြင်း၊ ဘာသာများများပြန်ခြင်း၊ ဝေါဟာရလေ့လာခြင်း၊ ရုပ်ရှင်များများကြည့်ခြင်း (လုံးဝသက်ဆိုင်ကြောင်းပါ။) စတာတွေ များများ မလုပ်နိုင်ခဲ့တဲ့ ကျွန်တော့်အတွက်ကတော့ ဘာသာပြန်စွမ်းရည်တိုးတက်မလာပါဘူး။ ဒီတော့ မြန်မာစာဘာသာပြန်နိုင်တဲ့ Software ကောင်းကောင်းတစ်ခုပေါ်လာရင်တော့ သက်သာပြီလို့ တွေးနေဆဲအခိုက်မှာ မြန်မာ့ဆက်သွယ်ရေးက ဘာသာပြန်ဆိုဒ် တစ်ခုတင်တယ် ဆိုလို့ စမ်းကြည့်ပါတယ်။ မြန်မာလို ဘာသာပြန်လို့ရပါတယ်။ ဒီ Siteရဲ့Linkပါ။ http://www.myanmarnlp.org.mm/ ။ Myanmar3 Font  ကို သုံးမှရပါမယ်။ မပြည့်စုံသေးပါဘူး။ နောက်တစ်ခါ ဒီနေ့ပဲ သိပ္ပံနှင့်နည်းပညာဌာနအောက်က ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ရဲ့ Myanmar NLP Research Team ကနေ Translation Web Site တစ်ခုတင်လိုက်ပြီဆိုလို့ တော်တော်ပျော်သွားတယ်။  သွားစမ်းကြည့်ပါတယ်။ မတူညီမှုလေးတွေနဲ့ မပြည့်စုံမှုလေးတွေတော့ ရှိနေပါတယ်။ တိုက်ရိုက် ဘာသာပြန်နိုင်ပြီး (Zawgyi Font) ဇော်ဂျီစာလုံးကို အသုံးပြုထားတော့  လတ်တလောမှာ အသုံးပြုသူပိုနှစ်သက်မယ့် သဘောရှိပါတယ်။ ဒါကတော့အဲဒီSiteရဲ့Linkပါ။ (Under Construction State ပြန်ရောက်နေပါတယ်။ လောလောဆယ် ကျွန်တော်တော့ သွားကြည့်လို့မရဘူး။) http://http://www.nlpresearch-ucsy.edu.mm/mtapplication.html ။ မိမိနဲ့ အဆင်ပြေတာကို ဥာဏ်ရှိသလို ရွေးချယ်သုံးနိုင်ဖို့ အခွင့်အရေးကတော့ ပေါ်လာပြီ ဖြစ်ပါတယ်။ 

     Develop လုပ်သူတွေကတော့ လုပ်ပေးပြီးပါပြီ။ သူတို့ရဲ့ အသုံးပြုသူအပေါ်ထားတဲ့ ရည်ရွယ်ချက်တွေနဲ့ နောက်ပိုင်းတာဝန်တွေကတော့ ပိုမိုကောင်းမွန်ပြည့်စုံတဲ့ Translation တွေရတဲ့အထိ ဆက်လုပ်ကြဖို့ပါပဲ။ ဒါပေမယ့် အဲဒါတွေကို သူတို့ချည်းပဲ ပြည့်စုံလာအောင်လုပ်တာထက် အသုံးပြုသူတွေက များများဝိုင်းသုံးမှ အကြံများများ ၀ိုင်းပေးမှ မှန်ကန်တဲ့ ပြည့်စုံမှုတွေရလာနိုင်မှာပါ။ Google Translate ဟာ ဒီလိုနဲ့ ပြည့်စုံအသက်ဝင်လာခဲ့တာပါ။ အခုလို Theory ပိုင်းဆိုင်ရာ ပြည့်စုံတဲ့ မြန်မာ့ဂုဏ်ဆောင် Translation Site တွေ ဘယ်လောက်များများ ပေါ်ထွန်းလာနိုင်သလဲလို့လည်း ပြန်ပြီး မေးခွန်းထုတ်ကြည့်မိပါတယ်။ သိပ်မများနိုင်လောက်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီလို Site တစ်ခုဖြစ်လာဖို့ လူအားငွေအား ဘယ်လောက်ရင်းရမယ်၊ အချိန်ဘယ်လောက်ပေး၇မယ်ဆိုတာ တပ်အပ်မပြောနိုင်ပေမယ့် လွယ်ကူတဲ့အလုပ် မဟုတ်ဘူးဆိုတာတော့သေချာပါတယ်။

     ဘာပဲပြောပြော ကျွန်တော် တော်တော်ပျော်မိပါတယ်။ ကျွန်တော့်အတွက်တော့ ကြီးမားတဲ့ အထောက်အကူတစ်ခုပါပဲ။ ဒါနဲ့တစ်ပြိုင်နက်ထဲ တွေးမိတာက တကယ်လို့များ ဒီလို Translation Site တစ်ခုဟာ လုံးဝပြည့်စုံအောင် ဘာသာပြန်နိုင်ပြီဆိုရင် ဒါမှမဟုတ် ပြီးပြည့်စုံတဲ့ ဘာသာပြန် Software တစ်ခု ပေါ်ပေါက်လာရင် ဘာသာပြန်တွေရဲ့ကဏ္ဍ မှေးမှိန်သွားတော့မလားပေါ့။ ကျွန်တော်ကတော့ အပျော်တမ်း ဘာသာပြန်သူသက်သက်ပါ။ (ဘာသာမပြန်သလောက်ပါပဲ။) ဒါပေမယ့် ဘာသာစကားကိုအရင်းတည်ပြီး Intellectual Property အဖြစ် ဈေးကွက်တင်နေတဲ့ ဘာသာပြန် လုပ်ငန်းလုပ်ကိုင်သူတွေရဲ့ ဘ၀တွေ ဘာအပြောင်းအလဲ ဖြစ်လာနိုင်သလဲပေါ့။ လောလောဆယ်တော့ ဘာမှမဖြစ်လာနိုင်သေးပါ။ ဒါတွေက သူတို့လုပ်ငန်းကိုတောင် အထောက်အပံ့ပိုပေးနိုင်မယ်ဆိုတာ သေချာလှပါတယ်။ မှေးမှိန်တယ် မမှေးမှိန်ဘူးဆိုတာကတော့ နည်းပညာပံ့ပိုးနိုင်မှုနဲ့ ဘာသာပြန်လိုအပ်မှု အချိုးကျမကျ ဆိုတာကို စောင့်ကြည့်ကြဖို့ပါပဲ။

     နောက်တစ်ခုက ကွန်ပျူတာဘာသာပြန်နဲ့ လူ့ဥာဏ်ရည်နဲ့ ဘာသာပြန်မှုလုပ်တာ ကွာပါတယ်။ ကွန်ပျူတာကို ဘာသာပြန်ခိုင်းတာဟာ ကလေးတစ်ယောက်ကို စာသင်ပေးပြီး စာပြန်အံခိုင်းသလိုပါပဲ။ ကြောင်းကျိုးစပ်ဆက်မှုကို ပြည့်ပြည့်စုံစုံမတွေးနိုင်တဲ့ သဘောပါ။ အခြေအနေကို အလုံးစုံ မသုံးသပ်နိုင်တဲ့ အခြေအနေပါ။ (ဒီကိစ္စကို ပြန်ခံငြင်းဖို့ဆိုရင်တော့ လူဘာသာပြန်တာထက် အရည်အသွေးပိုကောင်းတဲ့ ဘာသာပြန်ကို ကွန်ပျူတာက ထုတ်ပေးတဲ့လာနိုင်တဲ့အချိန်၊ Artificial Intelligence ခရီးပေါက်တဲ့အချိန်ထိ စောင့်ရမှာပါ။

     ဘာပဲပြောပြော ဦးမောင်ကတော့ ခံစားချက်က နှစ်မျိုးပါ။  Translation Site တွေကြောင့် ဘာသာပြန်အထောက်အပံ့ရလာတဲ့အတွက် ၀မ်းသာပါတယ်။ အချိန်ကုန် ခေါင်းစား သက်သာတယ်လေ။  ဒါပေမယ့် မပြည့်စုံသေးတဲ့အတွက် ၀ါကျပြန်စီနေရတာရယ် idiom တွေ ပြန်ရှာဖို့ Dictionary လှန်နေရတာရယ်ကိုတော့ ဘ၀င်မကျလှပါဘူး။ အနှီ software တို့ကို အားကိုးလိုသော်ငြားလည်း စာအုပ် လက်မလွှတ်နိုင်သေးသောကြောင့် စာများများဖတ်ရန်လိုအပ်ကြောင်း၊ မမှေးမှိန်နိုင်သော နေရာတစ်ခုအတွက် ဆက်လက်ပြင်ဆင်၇န်လိုအပ်ကြောင်း တွေးမိသဖြင့်.....(စာဖတ်ရမှာပျင်းတယ်ဗျို့....)။


ပျော်ရွှင်ကြပါစေ...
မောင်မောင်
၂၀-၁၀-၂၀၁၀ ည ၁၀း၅၅

Wednesday, October 13, 2010

ထင်သလောက်မခက်...

     ကိစ္စရပ်တွေက ခက်ခဲလို့ ကျွန်တော်တို့က မလုပ်ရဲတာ မဟုတ်ပါဘူး။ ကိစ္စရပ်တွေကို ကျွန်တော်တို့က မလုပ်ရဲလို့သာ ခက်ခဲကုန်ရတာပါ။

     ၁၉၆၅ ခုနှစ်တုန်းက တောင်ကိုရီးယား ကျောင်းသားတစ်ယောက် ကိမ်းဘရစ်ခ်ျတက္ကသိုလ်မှာ စိတ်ပညာ အဓိကနဲ့ ကျောင်းတက်ခဲ့တုန်းကပေါ့။ နေ့လည် ကော်ဖီသောက်ချိန်တွေမှာ သူဟာ ကျောင်းက ကော်ဖီဆိုင်မှာ ဒါမှမဟုတ် လ္ဘက်ရည်ဝိုင်းတွေမှာ အောင်မြင်မှုရရှိနေသူတွေ စကားပြောတာကို အမြဲသွားနားထောင်ပါတယ်။ ဒီအောင်မြင်နေသူတွေထဲမှာ နိုဘယ်ဆုရထားသူတွေ၊ တချို့နယ်ပယ်တွေနဲ့ ပညာရေးပိုင်းဆိုင်ရာက အရာရှိကြီးတွေ၊ စီးပွားရေးဒဏ္ဍာရီတွေကို ဖန်တီးခဲ့သူတွေအထိ အကုန်ပါကြပါတယ်။ ဒီလူတွေအားလုံးက ပျော်ပျော်ရွှင်ရွင် ပေါ့ပေါ့ပါးပါးနေတတ်ကြပြီး သူတို့ရဲ့အောင်မြင်မှုတွေဟာ အလိုလိုသဘာဝကျကျနဲ့ ကျိုးကြောင်းညီညွတ်စွာ အဆင်ပြေလာတယ်လို့ ထင်ကြတဲ့လူတွေချည်းပါပဲ။ အချိန်လည်းကြာလာရော သူ့နိုင်ငံမှာရှိတဲံ့ တချို့အောင်မြင်သူတွေဟာ လိမ်ညာပြောဆိုနေကြတယ်ဆိုတာကို သူသတိထားမိသွားတယ်။ အဲဒီလူတွေက သူတို့အောင်မြင်ဖို့အတွက် ဘယ်လောက် ပင်ပန်းကြမ်းတမ်းခဲ့တယ် ဆိုတဲ့အချက်ကို အကျယ်ချဲ့ပြောခဲ့ကြပြီး လုပ်ငန်းထူတောင်ဆဲလူတွေကို အခက်အခဲတွေကြောင့် နောက်ဆုတ်သွားစေခဲ့ပါတယ်။ သူတို့ရဲ့ အောင်မြင်မှုအတွေ့အကြုံနဲ့ အောင်မြင်မှုမရသေးတဲ့လူတွေကို ခြိမ်းခြောက်ခဲ့ကြတယ်ဆိုရင်လည်း မမှားပါဘူး။

     စိတ်ပညာဌာနက ကျောင်းသားပီပီ သူဟာ တောင်ကိုရီးယားက အောင်မြင်သူတွေရဲ့ စိတ်နေစိတ်ထားကို အလေးထားသုတေသနပြုဖို့ သင့်တယ်လို့ ထင်လာမိတယ်။ ၁၉၇၀ ခုနှစ်မှာ သူဟာ ‘‘အောင်မြင်မှုဟာ ထင်သလောက်မခက်ပါ’’ ဆိုတဲ့စာတမ်းကို ဘွဲ့စာတမ်းအဖြစ်နဲ့ ခေတ်သစ်စီးပွားရေးစိတ်ပညာဘာသာရပ်ကို စတင်တီထွင်ခဲ့သူ ပါမောက္ခ ဝေလ်.ဘရာဒန်တန်(Will-Bradenton) ထံ စာတမ်းတင်သွင်းခဲ့ပါတယ်။ ပါမောက္ခ ဘရာဒန်တန်က ဒါကို ဖတ်ပြီးတော့ အကြီးအကျယ် အံ့ဩသဘောကျပြီး ဒါဟာ တွေ့ရှိမှုအသစ်ပဲဆိုတာ သိလိုက်ပါတယ်။ ဒီလို အဖြစ်အပျက်မျိုးတွေဟာ အာရှအပြင် ကမ္ဘာ့နေရာအနှံ့အပြားမှာ ပျံ့နှံ့တည်ရှိနေခဲ့ပေမယ့် ဒီလို ရဲရဲဝံ့ဝံ့နဲ့ သုတေသနစာတမ်းအနေနဲ့ တင်ခဲ့တာမျိုး ဘယ်သူတစ်ဦးတစ်ယောက်ကမှာ မလုပ်ခဲ့ဖူးသေးပါဘူး။ အံ့ဩ၀မ်းမြောက်မှုနဲ့အတူ သူဟာ အဲဒီအချိန်က ကိမ်းဘရစ်ခ်ျတက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ တောင်ကိုရီးယားနိုင်ငံရေးဇတ်ခုံမှာ ပထမဆုံးကုလားထိုင်ကို လွှဲပြောင်းပေးခြင်းခံထားရသူ ကျောင်းသား ပတ်ချုံဟီး (Park Chung-hee) ဆီကို စာရေးပါတော့တယ်။ စာထဲမှာတော့ ‘‘မင်းအတွက် ဒါဟာ ဘယ်လောက်အကူအညီ ဖြစ်မယ်ဆိုတာတော့ ငါမပြောရဲပါဘူး။ ဒါပေမယ့် ဒီစာတမ်းဟာ မင်းရဲ့ ဘယ်နိုင်ငံရေးအမိန့်ထက်မဆို လူတွေကို စိတ်အားတက်ကြွစေတယ်ဆိုတာတော့ ငါအာမခံရဲတယ်... ’’ လို့ရေးထားပါတယ်။

သဘောတရား။     ။လူ့လောကထဲက ကိစ္စတော်တော်များများဟာ လုပ်ချင်စိတ်သာရှိရင် ဖြစ်လာမှာပါ်။ ကျော်လွှားရမယ့် အခက်အခဲတွေကိုလည်း ကျော်လွှားသွားနိုင်ပါတယ်။ သံမဏိလို ဇွဲတွေဘာတွေ ဘာမှမလိုပါဘူး။ နည်းလမ်းကောင်းတွေ ဗျူဟာကောင်းတွေ ပိုလို့တောင် မလိုအပ်ပါဘူး။ လူတစ်ယောက်ဟာ ရိုးရိုးရှင်းရှင်းနဲ့ တခုခုကို စိတ်ဝင်တစား လုပ်ကိုင်နေထိုင်ရင်ကိုပဲ နောက်ဆုံးမှာ အဲဒီဟာက သူ့ဖာသာ ရင့်မှည့်ရိတ်သိမ်းချိန်ကို ရောက်လာမယ်ဆိုတာ တွေ့လာရမှာပါ။

----------------------------------------------------------------------------------------------
ဒီဘာသာပြန်ရဲ့ မူရင်းကတော့ Easy Success လို့ နာမည်ပေးထားတဲ့ 成功可以很容易(肖邦振) စာအုပ်ထဲကပါ။ ဒီပုံပြင်ရဲ့ မူရင်း ခေါင်းစဉ်ကတော့ 成功并不像你想象的那么难 ဆိုတာပဲဖြစ်ပါတယ်။


ပျော်ရွှင်ကြပါစေ
မောင်မောင်
၁၃.၁၀.၂၀၁၀ ည ၁၁း၃၁ နာရီ

Tuesday, August 3, 2010

စောင့်ရှောက်ရမယ့် ပြတင်းပေါက်များ

     အသွင်အပြင်ပုံစံ လုံးဝချွတ်စွပ်တူနေတဲ့ ကားနှစ်စီးကို တူညီတဲ့ပတ်ဝန်းကျင်အနီးအနားမှာ ရပ်ထားလိုက်ပါတယ်။ အဲဒီထဲက ကားတစ်စီးရဲ့ အင်ဂျင်ဘောနက်နဲ့ ပြတင်းတံခါးတွေကိုတော့ ဟောင်းလောင်းဖွင့်ထားလိုက်ပြီး နောက်တစ်စီးကိုတော့ နဂိုပုံမှန်အတိုင်း ပိတ်လျက်သားပုံစံနဲ့ပဲ ထားလိုက်ကြပါတယ်။
     အင်ဂျင်အဖုံးနဲ့ တံခါးတွေဖွင့်ထားတဲ့ကားကတော့ ၃-ရက်အတွင်းမှာ လူတွေဝိုင်းဖျက်ဆီးကြလို့ မှတ်မိနိုင်စရာကားရုပ်တောင် မကျန်တော့ပါဘူး။ ဒါပေမယ့် နောက်တစ်စီးကတော့ ဘာမှ ထိခိုက်ပျက်စီးမှုမရှိဘဲ အကောင်းအတိုင်းရှိနေပါတယ်။ အဲဒီအချိန်မှာ စမ်းသပ်ချက်ပြုလုပ်တဲ့သူတွေက ကျန်နေတဲ့ အဲဒီကားရဲ့ ပြတင်းမှန်မှာ အပေါက်လေးတစ်ပေါက် ဖောက်လိုက်ပါတယ်။ တစ်ရက်ပဲကြာပါတယ်။ ကားမှာရှိသမျှတံခါးတွေကို လူတွေက ရိုက်ဖျက်ပစ်လိုက်ကြတယ်။ ကားထဲမှာရှိသမျှ ပစ္စည်းတွေလည်း အကုန်ပျောက်ဆုံးသွားပါတယ်။။

     ဒါဟာ နာမည်ကျော်နေတဲ့ ‘‘ပျက်စီးနေသောပြတင်းပေါက်သီအိုရီ’’ သဘောတရားပဲဖြစ်ပါတယ်။  သူ့ကိုကောက်ချက်ချလိုက်ရင် ‘‘ပစ္စည်းကပျက်စီးနေပြီဆိုမှတော့ နည်းနည်းလောက် ပိုပျက်စီးသွားရင်လည်း ဘာမှမဖြစ်လောက်ပါဘူး’’ ဆိုတဲ့ (ပျက်စီးပြီးသားပစ္စည်းကို ပိုဖျက်ဆီးတတ်တဲ့ လူတွေရဲ့စိတ်) သဘောကို ဆောင်နေပါတယ်။ အကောင်းအတိုင်းရှိနေတဲ့ ပစ္စည်းဆိုရင်တော့ လူတွေက မသိလိုက်မသိဖာသာနဲ့ ကာကွယ်မှုပေးတတ်ကြပြီး  မဖျက်ဆီးရက်ကြပါဘူး။ မပြည့်မစုံနဲ့ အကောင်းအတိုင်းမရှိတဲ့ ပစ္စည်းကိုတော့ လူတွေက ပျက်စီးတဲ့ပမာဏ ပိုကြီးသွားအောင် လုပ်တတ်ကြပါတယ်။ ဒါဟာ ကိုယ်ကျင့်တရားနဲ့တော့ သိပ်မပတ်သက်လှပါဘူး။ (စိတ်ပိုင်းဆိုင်ရာ အလေ့အထတစ်ခုလို့ ဆိုလိုချင်ပုံရပါတယ်။) ဒီသီအိုရီကိုသုံးပြီး လူအချို့က မြို့တစ်မြို့မှာ အလားတူစမ်းသပ်မှုတစ်ခု လုပ်ဖူးကြပါသေးတယ်။

     လမ်းတစ်ခုပေါ်မှာ နေ့စဉ်စွန့်ပစ်နေကြ အမှိုက်တစ်ချို့ကို အရင်ပစ်ထားလိုက်ကြပါတယ်။ ၃-၄ရက်တောင် မကြာလိုက်ပါဘူး။ ဒီလမ်းဟာ နေရာအနှံ့ကျဲပြန့်နေတဲ့ အမှိုက်တွေနဲ့ ဖုံးလွှမ်းလို့သွားပါတော့တယ်။ စက္ကူစုတ်နဲ့ ပလတ်စတစ်တွေဟာ ပလူကိုပျံနေပါတော့တယ်။ တစ်ချိန်တည်းမှာပဲ တစ်ခြားလမ်းတစ်ခုကိုတော့ သန့်ရှင်းသပ်ရပ်နေအောင် လှည်းကျင်းထားတဲ့အပြင် (အမှိုက်မရှိရအောင်) ရက်ပေါင်းအတော်ကြာ ၀ိုင်းပြီးကာကွယ်စောင့်ရှောက် ထားလိုက်ကြပါတယ်။ အဲဒီအချိန်မှာတော့ လမ်းပေါ်မှာ ညစ်ပတ်တဲ့ပစ္စည်းနဲ့ အမှိုက်တွေပေါ်လာတိုင်း တစ်ယောက်ယောက်ကတော့ ကိုယ်ပိုင်အသိစိတ်နဲ့ အမှိုက်ပုံးထဲကို ကောက်ပစ်ပေးသွားတာချည်းပါပဲ။ တကယ်လို့ အပြင်ကခရီးသွားတွေ လမ်းပေါ်ကို အမှိုက်ပစ်လိုက်မိရင်လည်း တားမြစ်မယ့်လူ တစ်ယောက်ယောက်ကတော့ ရှိလာပါတော့တယ်။

သဘောတရား။     ။ဒါဟာလူသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အလေ့အထတစ်ခု  ဖြစ်နေတဲ့အတွက် ကျွန်တော်တို့ကလည်း ဒါကို ကိုယ့်ဘ၀ထဲမှာ လာပြီးအသုံးချကြရပါမယ်။ ကိုယ့်ဘ၀ကို သန့်သန့်ရှင်းရှင်းလေးထားပြီး ဘ၀လမ်းပေါ်မှာ အမှိုက်တွေ လျှောက်မပစ်ကြဖို့ပါ။ ပြီးတော့ ကိုယ့်ဘ၀ထဲက ဘယ်ပြတင်းတံခါးကိုမှ အလွယ်တကူ မရိုက်ချိုးမိဖို့ကို ပိုလို့တောင်ဂရုစိုက်ကြရပါမယ်။

----------------------------------------------------------------------------------------------
ဒီဘာသာပြန်ရဲ့ မူရင်းကတော့ Believe In Yourself လို့ နာမည်ပေးထားတဲ့ 走自己的路(肖邦振) စာအုပ်ထဲကပါ။ ဒီပုံပြင်ရဲ့ မူရင်း ခေါင်းစဉ်ကတော့ 破窗户 ဆိုတာပဲဖြစ်ပါတယ်။

သီအိုရီကို အကြမ်းဖျင်းသွားလေ့လာလို့ရအောင် Link ပေးထားပါတယ်။


ပျော်ရွှင်ကြပါစေ
မောင်မောင်
၀၃.၀၈.၂၀၁၀ ည ၁၀း၃၂

Thursday, July 29, 2010

မသိရင်မကြောက်

     ၁၇၉၆-ခုနှစ်ရဲ့ တစ်ခုသောနေ့မှာပါ။ ဂျာမနီနိုင်ငံ ဂိုတင်ဂန်(Goetingen)တက္ကသိုလ်ရဲ့ သင်္ချာပါရမီထူးချွန်တဲ့ ၁၉-နှစ်အရွယ် လူငယ်လေးတစ်ဦးဟာ ညနေစာအပြီးမှာ သူ့ရဲ့ဆရာက သီးသန့်စီစဉ်ပေးထားတဲ့ နေ့စဉ်တွက်ရတဲ့ သင်္ချာပုစ္ဆာ ၃-ပုဒ်ကို စပြီးလုပ်ပါတယ်။

     အရင်ရက်တွေကလိုပဲ ပထမပုစ္ဆာနှစ်ပုဒ်ကိုတော့ ၂-နာရီအတွင်းမှာ အဆင်ပြေပြေနဲ့ တွက်လို့ပြီးသွားပါတယ်။ တတိယပုစ္ဆာက စာရွက်ပိုင်းလေးတစ်ခုမှာ ရေးပေးထားတာပါ။ စက်ဝိုင်းဆွဲထောက်ချွန်နဲ့ အတိုင်းအတာမမှတ်သားထားတဲ့ ပေတံတို့ကိုသာသုံးပြီး ၁၇-နားပါတဲ့ ပေါ်လီဂွန် တစ်ခုကို ဆွဲဖို့ပါ။ လူငယ်လေးဟာ ဆွဲရင်းဆွဲရင်းနဲ့ တော်တော်လေးအားစိုက်လာရတယ်။

     အခက်အခဲက လူငယ်လေးရဲ့ မခံချင်စိတ်ကို ဆွပေးလိုက်ပါတယ်။ ငါ ဒါကို မရရအောင် ဆွဲမယ်ပေါ့။ သူက စက်ဝိုင်းဆွဲထောက်ချွန်နဲ့ပေတံကိုကိုင်ပြီး စာရွက်ပေါ်မှာ အမျိုးမျိုးဆွဲကြည့်တယ်။ ပုံမှန်စည်းမျည်းဘောင်တွေကို ကျော်လွန်တဲ့ တွေးခေါ်မှုပုံစံတွေကိုပါ စမ်းသုံးကြည့်ပြီး ဒီပုစ္ဆာကို ဖြေရှင်းကြည့်တယ်။ နောက်ဆုံးမှာတော့ ပြူတင်းပေါက်ကနေ အာရုဏ်ဦးအလင်းရောင်တစ်မျှင် ၀င်လာတဲ့အချိန်ကျမှပဲ လူငယ်လေးဟာ စိတ်သက်သာရာရသွားတဲ့ သက်ပြင်းရှည်ကြီးကိုချရင်း ဒီခက်ခဲလှတဲ့ပုစ္ဆာကို ဖြေရှင်းလိုက်နိုင်ပါတော့တယ်။

     အိမ်စာတွေကို ဆရာ့ဆီပေးလိုက်တဲ့နောက်မှာ ဆရာဖြစ်သူဟာ ချက်ချင်းပဲ လန့်ပြီးမှင်သက်သွားတယ်။ သူက တုန်ယင်နေတဲ့အသံနဲ့ လူငယ်လေးကို ပြောလိုက်တယ် ‘‘ဒါ မင်းကိုယ်တိုင်ပဲ တကယ်လုပ်ထားလား? နှစ်ပေါင်း ၂၀၀၀-ကျော် သမိုင်းသက်တမ်းတစ်လျှောက်လုံး  မပြေလည်နိုင်သေးတဲ့ သင်္ချာပုစ္ဆာတစ်ပုဒ်ကို ဖြေရှင်းလိုက်တယ်ဆိုတာရော မင်းသိရဲ့လား? အာခီးမီးဒိစ်လည်း ဒါကို မဖြေရှင်းနိုင်ခဲ့ဘူး။ နယူတန်လည်း အဖြေမရှာနိုင်ခဲ့ဘူး။ မင်းက မမျှော်လင့်ပဲ တစ်ညတည်းနဲ့ ဖြေရှင်းလိုက်နိုင်တာ။ မင်းဟာ တကယ့် ပါရမီရှင်ပဲ။ ငါက အခုတလော ဒီခက်ခဲံတဲ့ပုစ္ဆာကို လေ့လာနေတာ။ မနေ့က မင်းအတွက် ပုစ္ဆာတွေပြင်ဆင်နေတုန်း ဒီပုစ္ဆာကိုရေးထားတဲ့ စာရွက်ပိုင်းလေးက မတော်တဆ မင်းကိုပေးတဲ့ ပုစ္ဆာတွေကြားထဲ ညပ်ပါသွားတာကွ။’’

     နောက်နှစ်များစွာကြာတဲ့အခါ ဒီလူငယ်လေးက ဒီမြင်ကွင်းကို ပြန်ပြောင်းအောက်မေ့မိတိုင်း ပြောဖြစ်တာက ‘‘တကယ်လို့ တယောက်ယောက်ကများ ဒါဟာ နှစ်-၂၀၀၀ကျော် မဖြေရှင်းနိုင်သေးတဲ့ သင်္ချာပုစ္ဆာပါလို့သာ ကျွန်တော့်ကိုပြောခဲ့ရင် ကွန်တော် ဒီပုစ္ဆာကို တစ်ညတည်းနဲ့ ဖြေရှင်းနိုင်ခဲ့မှာ မဟုတ်ပါဘူး။’’

     အဲဒီလူငယ်လေးဟာ သင်္ချာဘုရင် ဂေါက်စ်(Gauss)ပဲ ဖြစ်ပါတယ်။
 
သဘောတရား။     ။တစ်ချို့ကိစ္စတွေဟာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ  မသဲကွဲသေးခင်မှာမှ ကျွန်တော်တို့က ပိုပြီးကောင်းအောင် လုပ်နိုင်တာတွေလည်း ရှိတတ်ပါတယ်။ ဒါဟာ လူအများ အမြဲပြောလေ့ရှိကြတဲ့ ‘မသိရင် မကြောက်’ ဆိုတာပါပဲ။

----------------------------------------------------------------------------------------------
ဒီဘာသာပြန်ရဲ့ မူရင်းကတော့ Easy Success လို့ နာမည်ပေးထားတဲ့ 成功可以很容易(肖邦振) စာအုပ်ထဲကပါ။ ဒီပုံပြင်ရဲ့ မူရင်း ခေါင်းစဉ်ကတော့ 无知者无畏 ဆိုတာပဲဖြစ်ပါတယ်။

သင်္ချာပါရမီရှင် လူငယ်လေးရဲ့ နာမည်အပြည့်အစုံကတော့ (Johann) Carl Friedrich Gauss ဖြစ်ပါတယ်။) အင်ဂျင်နီယာကျောင်းသားတိုင်း သူ့ရဲ့ သီအိုရီကို လေ့လာခဲဖူးကြမှာပါ။ သူ့အကြောင်း Link ကို လေ့လာဖို့ ထည့်ပေးလိုက်ပါတယ်။ ဒီပုစ္ဆာကို ဖြေရှင်းပုံလေးကိုလည်း Link ပေးလိုက်ပါတယ်။

http://www.answers.com/topic/carl-friedrich-gauss
http://www.answers.com/topic/heptadecagon
http://www.youtube.com/watch?v=E2QMzRcjKkM
http://www.youtube.com/watch?v=LBgIWQcC6lM&NR=1 


ပျော်ရွှင်ကြပါစေ
ဦးမောင်
၂၉.၀၇.၂၀၁၀ ည ၀၈း၅၈

Monday, July 26, 2010

ပြည့်စုံအောင် ပြင်ဆင်ပြီးမှ ခရီးစရင်

     လယ်သမားတစ်ယောက်ဟာ မိုင်၂၀-၃၀ကျော်လောက်က နန်ဆန်း(南山)မှာ ထင်းသွားခုတ်ဖို့ စီစဉ်ပါတယ်။ အဲဒီအတွက် သူက ၃-၄ရက်လောက် ပုဆိန်ကို တသွေးတည်းသွေးပါတယ်။ ပြီးတော့ ထမ်းပိုးပြား အသစ်စက်စက်တစ်ချောင်းကို လုပ်တယ်။ လုံလောက်တဲ့အရှည်ရှိတဲ့ လျှော်ကြိုးကို ပြင်ဆင်တယ်။ ပြီးတော့ ကြက်သွန်နီမုန့်ဆီကြော်တွေ အပုံလိုက်ကြီး ကြိုပြင်ထားလိုက်သေးတယ်။ အဲဒါတွေအားလုံးကို ထုပ်ပိုးပြီး နန်ဆန်းကိုအသော့နှင်လို့ ရောက်သွားတဲ့အခါမှာတော့ အဲဒီထင်းတွေကို အရင်ရောက်တဲ့သူတွေက ပြောင်သလင်းခါအောင် ခုတ်ထားနှင့်ပြီးနေပါပြီ။ အဲဒီလယ်သမားလည်း ဘာမှမလုပ်ရဘဲနဲ့ အိမ်ပဲပြန်လာခဲ့ရတော့တယ်။

     ၁၉၇၃ခုနှစ်တုန်းက ခလတ်တေး(Colette)နဲ့ ဘီလ်ဂိတ်(BillGate)တို့ ဟားဗတ်တက္ကသိုလ်မှာ အတူတက်ခဲ့ကြပါတယ်။ ဒုတိယနှစ်မှာ ဘီလ်ဂိတ်က ခလတ်တေးကို အတူတူကျောင်းထွက်ပြီး ငွေကြေးနဲ့ပတ်သက်တဲ့ ဆော့ဖ်ဝဲတစ်ခုကို ဖော်ထုတ်ကြမယ်လို့ ပြောတော့ ခလတ်တေးက ဒီအကြံဟာ တော်တော်ရယ်စရာကောင်းတယ်လို့ ထင်ခဲ့မိလို့ ဘီလ်ဂိတ်ရဲ့ ဖိတ်ခေါ်မှုကို ငြင်းလိုက်တယ်။ နောက်၎-နှစ်အကြာမှာ ဘီလ်ဂိတ်က ဒီလိုငွေကြေးဆော့ဖ်ဝဲတစ်ခုရဲ့ အစမ်းသုံးပုံစံတစ်ခုကို ဖော်ထုတ်လိုက်တယ်။ ကိုယ်ပိုင်ကုပ္မဏီမှာ မှတ်ပုံတင်ပြီးတဲ့အခါ ကျောင်းပြီးကာစဖြစ်နေတဲ့ ခလတ်တေးကို သူနဲ့ပူးပေါင်းဖို့ ထပ်ပြီးဖိတ်ခေါ်တယ်။ ခလတ်တေးက သူ့မှာလုံလောက်တဲ့ ပညာဗဟုသုတမရှိသေးဘူးလို့ ထင်မိတာနဲ့ ထပ်ပြီး ငြင်းလိုက်ပြန်တယ်။ နောက်၁၀-နှစ်အကြာမှာတော့ ခလတ်တေးဟာ ဟားဗတ်တက္ကသိုလ် ကွန်ပျူတာဌာနမှာ ဒေါက်တာဘွဲ့နဲ့ သုတေသနပညာရှင် ဖြစ်လာတယ်။ ဒါပေမယ့် ကျောင်းထွက်လိုက်တဲ့ ဘီလ်ဂိတ်ကတော့ အဲဒီနှစ်မှာပဲ အမေရိကန် ဖော့ဘ်စ်(Forbes)မဂ္ဂဇင်းရဲ့ ဘီလျံနာစာရင်းထဲကို ပါလာပါတယ်။ ၁၉၉၅-ခုနှစ်ရောက်တော့မှပဲ ခလတ်တေးဟာ သူ့မှာ အဲဒီလို ငွေကြေးဆော့ဖ်ဝဲကို လေ့လာနိုင်ဖော်ထုတ်နိုင်တဲ့ လုံလောက်တဲ့ ဗဟုသုတတွေ ပြည့်စုံကုံလုံပြီလို့ ယူဆတော့တယ်။ အဲဒီနှစ်မှာပဲ ဘီလ်ဂိတ်ဟာ ကမ္ဘာ့အချမ်းသာဆုံးလူ ဖြစ်လို့သွားပါပြီ။

     ခလတ်တေးရဲ့ ဘ၀ဟာ ဟိုလယ်သမားလိုပါပဲ။ သူဂရုတစိုက်နဲ့ အရာအားလုံးကို ပြင်ဆင်လို့လဲပြီးရော အဖိုးတန်တဲ့အခွင့်အရေးဟာ ဆုံးရှုံးပြီးသားဖြစ်နေပါပြီ။ ဘီလ်ဂိတ်ကတော့ ရဲရဲရင့်ရင့်နဲ့ ကျောင်းထွက်ပြီး လုပ်ငန်းထူထောင်လိုက်တော့ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ အကောင်းဆုံးအချိန်တွေရသွားခဲ့တာကြောင့် တောက်ပတဲ့အောင်မြင်မှုကို စောစောလေး အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ဖော့ဘ်စ်မဂ္ဂဇင်းက အင်တာဗျူးတဲ့အခါ ‘‘ကျွန်တော် လုပ်ငန်းတစ်ခုထူထောင်သင့်ပြီလို့ ခံစားမိတယ်။ အဲဒီအချိန်တုန်းကလည်း လုပ်ငန်းထူထောင်ရင် အောင်မြင်မယ်ဆိုတဲ့ သေချာရေရာမှုလည်း ဘယ်ရှိပါ့မလဲ။ ဒါပေမယ့် ကျွန်တော်လုပ်တဲ့ဟာ မှန်ကန်တယ်လို့ ထင်ပါတယ်။ အဲဒါကတော့ လုပ်ငန်းထူထောင်သင့်တဲ့အချိန်မှာ ကိုယ့်မှာ တစ်ချို့အချက်အလက်တွေ မပြည့်စုံတာနဲ့တော့ စောင့်ဆိုင်းမနေသင့်ဘူးဆိုတာပါပဲ။ တကယ်လို့သာ ဟားဗတ်တက္ကသိုလ်က ဘွဲ့ရပြီးမှ လုပ်ငန်းထူထောင်ရင် အခုကမ္ဘာ့အချမ်းသာဆုံးလူဟာ သေချာပေါက် ကျွန်တော်မဖြစ်နိုင်တော့ပါဘူး။ ဒါကိုတော့ သေချာပေါက်ပြောရဲပါတယ်။’’
 
သဘောတရား။     ။လုပ်ငန်းထူထောင်တာပဲ ဖြစ်ဖြစ်၊ ပညာဆည်းပူးတာပဲ ဖြစ်ဖြစ်  လိုအပ်ချက်တွေ လုံးဝပြည့်စုံသွားတဲ့အချိန်ထိ စောင့်ပြီးမှ ခရီးစလို့မဖြစ်ပါဘူး။ အကြောင်းကတော့ မပြည့်စုံသေးတဲ့အချက်တွေကို ဆည်းပူးလုပ်ကိုင်နေတဲ့ လုပ်ငန်းစဉ်တစ်လျှောက်မှာ နည်းလမ်းမျိုးစုံနဲ့ဖြည့်ဆည်းပြီး ပြည့်စုံအောင် လုပ်သွားလို့ရပေမယ့် အချိန်နဲ့အခွင့်အရေးလို အရာမျိုးတွေကတော့ ဆုံးရှုံးသွားပြီးရင် ဘယ်လိုမှ ပြန်ဆယ်လို့ မရနိုင်တာကြောင့်ပါ။

----------------------------------------------------------------------------------------------
ဒီဘာသာပြန်ရဲ့ မူရင်းကတော့ Easy Success လို့ နာမည်ပေးထားတဲ့ 成功可以很容易(肖邦振) စာအုပ်ထဲကပါ။ ဒီပုံပြင်ရဲ့ မူရင်း ခေါင်းစဉ်ကတော့ 不要等准备好了才上路 ဆိုတာပဲဖြစ်ပါတယ်။

ပျော်ရွှင်ကြပါစေ
ဦးမောင်
၂၆.၀၇.၂၀၁၀ ည ၁၀း၄၁

Saturday, July 24, 2010

တစ်ခုကောင်းတတ်ရင်ရပြီ

     ပီကင်းက နိုင်ငံခြားသံရုံးတစ်ခုရဲ့ရှေ့မှာ လူတစုရပ်ပြီး ဗီဇာစောင့်နေကြပါတယ်။ သူတို့ထဲမှာ ကျောင်းသွားတက်မယ့်သူ လည်းပါတယ်။ စီးပွားရေးကိစ္စအတွက် သွားမယ့်သူလည်းပါတယ်။ ဆွေမျိုးတွေကို သွားတွေ့မယ့်သူလည်းပါတယ်။ အလည်အပတ် သွားမယ့်သူလည်းပါတယ်။

     အဲဒီထဲမှာ ငွေကိုရေလိုသုံးဖြုန်းနိုင်တဲ့ သူဌေးတစ်ယောက်လည်းပါတယ်။ ဆန်ပေကနေလာတဲ့ ကျေးလက်က အဒေါ်ကြီးတစ်ယောက်လည်းပါတယ်။ သူဌေးကတော့ ဗီဇာလာလျှောက်တာ ဒါပထမဆုံး မဟုတ်တော့ပါဘူး။ ဒီမတိုင်ခင်ကတည်းက သုံးလေးခေါက်မက လာဖူးပြီးပါပြီ။ ဒါပေမယ့် ဗီဇာထုတ်ပေးတဲ့ တာဝန်ခံသံအရာရှိက ဗီဇာပေးဖို့ အေးစက်စက်နဲ့ငြင်းလိုက်တာချည်းပါပဲ။ ပြီးခဲ့တဲ့အခေါက်  ဗီဇာလျှောက်တုန်းက သံအရာရှိက သူ့မှာ ဘာကျွမ်းကျင်မှုရှိလဲလို့ မေးတာကို သူက အကြာကြီးစဉ်းစားပြီးတာတောင် ခေါင်းတခါခါနဲ့။ ကိုယ့်မှာ သီးသန့်လုပ်ငန်း ဒါမှမဟုတ် အထူးတလည် တတ်ကျွမ်းမှုလို့ ခေါ်ရလောက်တာ ဘာများရှိသလဲဆိုတာကို ကိုယ့်ဖာသာ သဘောမပေါက်နိုင်ဘူးဖြစ်နေခဲ့တာ။ နှစ်၂၀-ကျော် ၃၀-အတွင်း ပိုက်ဆံရှာတာကလွဲလို့ သူ့မှာ ဘာအထူးတလည်တတ်ကျွမ်းတာမှ မရှိခဲ့ပါဘူး။ ဒီလိုနဲ့ပဲ သူက ဗီဇာစောင့်ဆိုင်းနေတဲ့ လူတန်းရှည်ကြီးထဲမှာရပ်ပြီး စိတ်ထဲမှာ ရတတ်မအေးဖြစ်နေပါတယ်။ အဲဒီဗီဇာသံအရာရှိမျက်နှာရှေ့မှာ နောက်တခါရပ်လိုက်ရင် မျက်နှာမှာခံစားချက်ကင်းမဲ့နေတဲ့ အဲဒီသံအရာရှိကများ သူ့ကိုမှတ်မိသွားပြီး သူ့ရဲ့မလျှော့တဲ့ဇွဲကို လေးစားပြီးသကာလ မထင်မှတ်ထားပဲ ဗီဇာထုတ်ပေးလိုက်ပါစေလို့ပဲ မျှော်လင့်နေရတော့တာပေါ့။

     ဒါနဲ့ သူက သူ့ရှေ့မှာရပ်နေတဲ့ ကျေးလက်ကအဒေါ်ကြီးကို မေးလိုက်တယ်။ ‘‘ခင်ဗျား အင်္ဂလိပ်စကားတတ်လား?’’ အဒေါ်ကြီးက အားငယ်ငယ်နဲ့ပဲ ခေါင်းခါလိုက်ပါတယ်။ သူက ထပ်မေးပြန်တယ်။ ‘‘ဒါဆိုခင်ဗျား ဘာတတ်ကျွမ်းမှုရှိသလဲ?’’ အဒေါ်ကြီးက အားငယ်ငယ်နဲ့ ခေါင်းထပ်ခါပြီး ပြောတယ်။ ‘‘ကျွန်မတစ်သက်လုံး လယ်စိုက်တာနဲ့ ကလေးတွေထိန်းတာပဲရှိပါတယ်။ အထူးတတ်ကျွမ်းမှုဆိုတာ ဘာကိုခေါ်မှန်းတောင် မသိပါဘူးရှင်။’’ သူက အရမ်းကိုယ်ချင်းစာသွားပြီး အဒေါ်ကြီးကို ပြောပါတယ်။ ‘‘ဒါဆို ခင်ဗျား ဗီဇာလျှောက်တာ တော်တော့်ကိုခက်ပြီပေါ့။’’ အဒေါ်ကြီးက စဉ်းစားလိုက်ပြီး ‘‘ဒါပေမယ့် ကျွန်မမှာ အကောင်းဆုံး အလုပ်တခုတော့ရှိတယ်လေ။ ကျွန်မတို့နေတဲ့အိမ်ရဲ့ အနားပတ်လည် မိုင် ၂၀၊ ၃၀ လောက်ကလူအားလုံး ကျွန်မကို သိကြတာပဲ။ လူငယ်တွေ မင်္ဂလာဆောင်ရင် ပြူတင်းပေါက် ပန်းစက္ကူအလှကပ်ဖို့၊ ကလေးတွေ အခါလည်လို့ မွေးနေ့လုပ်ရင် ဗိုက်ကပ်အိတ်ထိုးတာတို့၊  ကျားခေါင်းဖိနပ်ချုပ်ပေးတာတို့။ လူတော်တော်များများ ပုဝါမှာပန်းထိုးကြမယ်ဆို အားလုံးအတွက် ကျွန်မပဲ စက္ကူပန်းကွက် ညှပ်ပေးရတာလေ။’’ သူဌေးက ဒါကိုလည်းကြားရော စိတ်ထဲမှာ မအောင့်နိုင်ပဲ ရယ်မိတာပေါ့။ စက္ကူညှပ်တယ်တဲ့။ စက္ကူညှပ်တာကို ဘယ်လိုလုပ်ပြီး အထူးတတ်ကျွမ်းမှုလို့ ပြောလို့ရပါ့မလဲ။

     နောက်ဆုံးတော့ အဒေါ်ကြီးအလှည့် ရောက်လာပါရော။ ဗီဇာသံအရာရှိက အဲဒီအဒေါ်ကြီးကို သူ့မှာ အထူးတတ်ကျွမ်းမှု ဘာရှိလဲလို့ ခံစားချက်ကင်းမဲ့တဲ့မျက်နှာထားနဲ့ မေးမြန်းတဲ့အခါမှာ  အဒေါ်ကြီးက အိတ်ကပ်ထဲကနေ စက္ကူနီတရွက်ကို ထုတ်လိုက်တယ်။ အရင်ဆုံး စက္ကူကို ဗီဇာသံအရာရှိရှေ့မှာ ပြလိုက်သေးတယ်။ ပြီးတော့မှ ကျွမ်းကျင်စွာနဲ့ အထပ်ထပ်ခေါက်တယ်။ လက်ချောင်းလေးတွေကို ဆန့်ကားပြီး စက္ကူတွေကို ဖြဲတယ်။ မျက်စိတမှိတ်အချိန်လေးပဲ ကြာပါတယ်။ အဲဒီစက္ကူနီကို ပြန်ဖြန့်လိုက်တဲ့အခါမှာတော့ အသက်ဝင်လှတဲ့ စက္ကူပန်းချီတစ်ချပ် ဖြစ်လို့နေပါပြီ။ ပန်းချီကားထဲမှာ ကြာပန်းတစ်ပွင့်နဲ့ ကြာရွက်သုံးလေးရွက်။ ကြာရွက်အောက်ဘက်မှာမှ ငါးလေးတစ်ကောင်။ ဗီဇာသံအရာရှိဟာ အံ့ဩသွားတာမှ ပါးစပ်အဟောင်းသားနဲ့။ ပြီးတော့ အားရတက်ကြွစွာနဲ့ ‘‘ခင်ဗျားဟာ တကယ်တော်တဲ့ လက်မှုအနုပညာသည်ပဲဗျ၊ တော်တယ်ဗျာ။ ခင်ဗျားတကယ့်ကို တော်တယ်။’’ တစ်ဖက်ကပြောရင်းနဲ့ တစ်ဖက်ကလည်း အဒေါ်ကြီးအတွက် ဗီဇာကို လုပ်ပေးလိုက်ပါတယ်။

     အဒေါ်ကြီးနောက်က သူဌေးကတော့ နောက်တစ်ခါထပ်ပြီး ဗီဇာအငြင်းခံလိုက်ရပြန်ပါတယ်။
 
သဘောတရား။     ။တကယ်တော့ ဘ၀ရပ်တည်မှုရဲ့သဘောတရားက ဒီလောက်တောင်ပဲ ရိုးစင်းလှပါတယ်။ ကိုယ့်အလုပ်က ဘာပဲဖြစ်နေပါစေ၊ ဘ၀ရဲ့ဘယ်အဆင့်မှာပဲ ရပ်တည်နေရပါစေ၊ ကိုယ့်ကံကြမ္မာကို ပြောင်းလဲပစ်ဖို့ဆိုရင်  ကိုယ့်မှာ အများနဲ့မတူတဲ့ တော်ကွက်တစ်ကွက် ရှိကိုရှိရပါမယ်။ ကျွမ်းကျင်တဲ့အတတ်ပညာတစ်ခု ရှိကိုရှိရပါမယ်။ အများနဲ့မတူတဲ့ အတတ်ပညာတစ်ခု ရှိပြီဆိုရင်တော့ ကိုယ့်ကံကြမ္မာကို ပြောင်းလဲနိုင်တဲ့ အကြောင်းတရားတွေလည်း ရှိလာမှာပါ

----------------------------------------------------------------------------------------------
ဒီဘာသာပြန်ရဲ့ မူရင်းကတော့ Believe In Yourself လို့ နာမည်ပေးထားတဲ့ 走自己的路 စာအုပ်ထဲကပါ။ ဒီပုံပြင်ရဲ့ မူရင်း ခေါင်းစဉ်ကတော့ 只要有一手 ဆိုတာပဲဖြစ်ပါတယ်။

ပျော်ရွှင်ကြပါစေ
ဦးမောင်
၂၁.၀၇.၂၀၁၀ ည ၁၁း၁၃

Saturday, April 10, 2010

နောက်ဆုံးသစ်ရွက်

     ဂျင်းနီရဲ့ရောဂါက ကုသလို့မရတော့ပါဘူး။ ဆရာဝန်က သူနောက်တစ်နှစ်တောင် မခံတော့ဘူးလို့ ဆေးစစ်ချက် ထုတ်ထားပြီးပါပြီ။ ရောဂါတခါတခါထရင် အသည်းခိုက်အောင် နာကြင်တဲ့အတွက် ကျန်တဲ့ဘ၀လေးကို သက်သက်သာသာနဲ့ ဖြတ်သန်းနိုင်အောင်လို့ အိမ်သားတွေက သူ့ကို မဖြစ်မနေ ဆေးရုံမှာပဲထားကြပါတယ်။

     နွေဦးရာသီလည်း ကျော်လွန်ခဲ့ပြီ။ နွေရာသီကိုလည်း ဖြတ်ကျော်ခဲ့ပြီးပြီ။ ဆောင်းဦးရာသီလည်း တိတ်တဆိတ်နဲ့ ရောက်လာခဲ့ပြီ။ ပြတင်းပေါက်အပြင်ဘက်က သစ်ပင်ရဲ့ သစ်ရွက်တွေ တဖြည်းဖြည်း စိမ်းရာက၀ါပြီး တရွက်ပြီးတရွက် ကြွေကျကုန်တာနဲ့အတူ ဂျင်းနီရဲ့စိတ်ဟာလည်း မျှော်လင့်ချက် ကင်းမဲ့သထက် ကင်းမဲ့လာပါတယ်။ ‘‘သစ်ပင်ပေါ်ကအရွက်တွေ အကုန်ကြွေသွားတဲ့အချိန်ဟာ ငါသေရမယ့်အချိန်ပဲ’’ လို့ သူမဖာသာ ရေရွတ်နေပါတော့တယ်။

     မထင်ထားမိတာက ဒီစကားကို သူမရဲ့ပြတင်းနားကဖြတ်သွားတဲ့ ပန်းချီဆရာက ကြားသွားတယ်။ ဒါနဲ့ ပန်းချီဆရာက ဒီကလေးမကို ကယ်ဖို့ သူတတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားမယ်လို့ စိတ်ပိုင်းဖြတ်လိုက်တယ်။ ဒီလိုနဲ့ သူက အသက်ဝင်လွန်းလှတဲ့ သစ်ရွက်စိမ်းလေးတစ်ရွက်ပုံကိုဆွဲပြီး ဂျင်းနီ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတုန်းမှာ အဲဒီသစ်ရွက်ကို သစ်ပင်ရဲ့ထိပ်ဆုံးမှာ သွားချိတ်ထားလိုက်တယ်။

     နောက်တစ်လ ကျော်လွန်သွားခဲ့ပါပြီ။ ရောဂါအကျွမ်းဆုံးအချိန် ရောက်နေပြီဖြစ်လို့ ဂျင်းနီ မထနိုင်တော့ပါဘူး။ လူနာကုတင်လေးပေါ်မှာ လှဲရင်းနဲ့ သူမက ပြတင်းပေါက်အပြင်ကသစ်ပင်ကို စိုက်ကြည့်ရင်း ရှင်သန်ခြင်းခွန်အားတွေ ခန္ဓာကိုယ်ထဲကနေ တမျှင်ခြင်း ထွက်သွားနေတယ်လို့ ခံစားနေမိတယ်။ သစ်ပင်ပေါ်ကသစ်ရွက်တွေ ကြွေရင်းနဲ့လျော့ပါးသွားသလိုပေါ့။ ‘‘အဲဒီ သစ်ရွက်ကလေး ကြွေကျသွားပြီဆိုရင် ငါလည်း မျက်စိမှိတ်လိုက်တော့မယ်။ ဘယ်တော့မှ ပြန်မထတော့ဘူး။’’ ဂျင်းနီက သစ်ပင်ထိပ်ဆုံးက သစ်ရွက်စိမ်းလေးကို စိုက်ကြည့်ရင်း ကိုယ့်ဖာသာ ပြောလိုက်ပါတယ်။

     နောက်ပိုင်းရက်တွေမှာတော့ အဲဒီသစ်ရွက်စိမ်းလေးဟာ ဂျင်းနီရဲ့ အသက်ကို ဆွဲထားပေးတဲ့ တစ်ခုတည်းသောအကြောင်းရင်း ဖြစ်နေပါတော့တယ်။ နေ့စဉ်မနက်တိုင်း မျက်စိပွင့်လာပြီဆိုတာနဲ့ ပထမဆုံးလုပ်တာကတော့ အဲဒီသစ်ရွက်ကလေး ဘာပြောင်းလဲမှုရှိလာသလဲဆိုတာကို ကြည့်ရတာပါ။ ဒါပေမယ့် ထူးဆန်းတာက ရှိသမျှအရွက်အားလုံး ကြွေကုန်ပေမယ့် အဲဒီသစ်ရွက်ကလေးကတော့ စိမ်းစိုနေတုန်းပဲ။ ခိုင်ခိုင်မာမာနဲ့ကို သစ်ကိုင်းပေါ်မှာ တွယ်နေတုန်းပဲ။ ရွက်ဝါအဖြစ်ပြောင်းပြီး ကြွေသွားမယ့်အသွင်အပြင်ကို နည်းနည်းမှမရှိပါဘူး။

     ‘‘ဧကန္တ၊ ဘုရားသခင်က ငါဟာ လိမ်မာတဲ့ကလေးမှန်းသိလို့ ငါ့ကို မသေစေချင်တာလားမသိဘူး။’’ ဂျင်းနီက ဒီလိုတွေးပြီး မျက်လုံးထဲမှာလည်း မျှော်လင့်ချက်အရောင်တွေ သန်းလာပါတယ်။

      ချမ်းအေးလှတဲ့ဆောင်းရာသီကို နောက်ဆုံးကျော်လွန်သွားပါပြီ။ ဘယ်တော့မှမကြွေတော့မယ့် ဟိုသစ်ရွက်စိမ်းလေးလိုပဲ ဂျင်းနီလည်း ထူးဆန်းစွာနဲ့ပဲ အသက်ရှင်သန်ခဲ့ပါတယ်။ နောက်ဆုံး ပြန်လည်ကျန်းမာလာပြီး ဆေးရုံကနေဆင်းသွားနိုင်ခဲ့ပါတော့တယ်။ အဲဒီတချိန်ထဲမှာပဲ ဘေးကပ်လျက်အခန်းက ဟိုပန်းချီဆရာကတော့ မျက်လုံးအစုံပိတ်သွားခဲ့ပါပြီ။ သူကတော့ ဒီသစ်ရွက်ဟာ အတုဆိုတာ သိနေတဲ့အတွက်ကြောင့်ပါပဲ။


**(ကျွန်တော်တို့ ကျောင်းမှာ အင်္ဂလိပ်လိုသင်ယူခဲ့ဖူးတဲ့ The Last Leave ပုံပြင်လေးကို ပြန်သတိရမိပါတယ်။ ) 

သဘောတရား။     ။ ။ကျွန်တော်တို့တွေ အရာအားလုံးကို ဆုံးရှူံးသွားလို့ရပါတယ်။ တခုတည်းသော ဆုံးရှူံးသွားလို့မဖြစ်တဲ့အရာကတော့ ‘‘မျှော်လင့်ချက်’’ ပါ။  ဒါဟာ လူသားတွေရဲ့ ရှင်သန်ခြင်းနဲ့ ပျော်ရွှင်ခြင်းရဲ့ အရင်းအမြစ်ပါ။ ‘‘မျှော်လင့်ချက်’’ ရှိနေမှ ဘ၀မှာ ရှင်သန်လိုစိတ်တွေ မပြတ်ဖြစ်ပေါ်နေမှာဖြစ်ပြီး ‘‘မျှော်လင့်ချက်’’ မရှိရင်တော့ ဘ၀ဟာ တဖြည်းဖြည်းနဲ့ လုံးပါး ပါးသွားမှာပါ။
-----------------------------------------------------------------------------------------------
ဒီဘာသာပြန်ရဲ့ မူရင်းကတော့ SMALL STORY, BIG PRINCIPLE လို့ နာမည်ပေးထားတဲ့ 小故事,大道理 စာအုပ်ထဲကပါ။ ဒီပုံပြင်ရဲ့ မူရင်း ခေါင်းစဉ်ကတော့ 最后一片树叶 ဆိုတာပဲဖြစ်ပါတယ်။

ပျော်ရွှင်ကြပါစေ
ဦးမောင်
၁၀.၀၄.၂၀၁၀ ည ၁၀း၄၁