ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ May your mind and body be peaceful! 祝你身心愉快! ပျော်ရွှင်ပါစေ။ May you be happy! 祝你快乐! မောင်မောင် - ဘာသာပြန်မှတ်စုများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ May your mind and body be peaceful! 祝你身心愉快! ပျော်ရွှင်ပါစေ။ May you be happy! 祝你快乐! မောင်မောင် - ဘာသာပြန်မှတ်စုများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ May your mind and body be peaceful! 祝你身心愉快! ပျော်ရွှင်ပါစေ။ May you be happy! 祝你快乐!

Monday, May 30, 2011

နားစိုက်ထောင်ပါ၊ သင်ယူပါ...ပြီးရင် ဦးဆောင်ပါ

  
   အကြောင်းအရာလေးက မဆိုးပါဘူး။ ခေါင်းဆောင်တစ်ဦးအနေနဲ့  ခေါင်းဆောင်တစ်ယောက် လုပ်ရမယ့် အရေးအကြီးဆုံးကဏ္ဍဖြစ်တဲ့ လက်အောက်ငယ်သားတွေဆီက သင်ယူလေ့လာဖို့၊ သူတို့ဆီက အသံတွေကို နားစိုက်ဖို့၊ တူညီတဲ့ သဘောထားအသိနဲ့ ပန်းတိုင်ကိုအားလုံး ဦးတည်ဆက်သွားနိုင်အောင် ယုံကြည်မှုတွေ မပြတ်တည်ဆောက်ပေးနေဖို့၊ မိမိကိုယ်တိုင် စိတ်ဓါတ်ကြံ့ခိုင်ပြီး ငယ်သားတွေကိုလည်း အားပေးဖို့၊ လက်အောက်ငယ်သားတွေကို ဆုံးရှုံးမှုမကြုံရအောင် ထောက်ပြပြောဆို ကာကွယ်စောင့်ရှောက်ဖို့၊ အခြေအနေအပြောင်းအလဲမှာ ကိုယ်ကစပြီးသွေးမပျက်ဖို့၊ စတာတွေ ကို စတန်လီ မက်ခရစ်စတယ်က ပြောသွားတာပါ။

     နောက်ပြီး အင်္ဂလိပ်လိုနားထောင်ရမှာ အခက်အခဲရှိတဲ့သူတွေ၊ မြန်မာလိုတိုက်ရိုက် စာတန်းဖတ်ချင်တဲ့ သူတွေအတွက် အကူအညီရအောင် ဘာသာပြန်ပေးထားတာပါ။ မြန်မာစာတန်းထိုးလေးနဲ့ နားထောင်ချင်ရင်တော့ Video ကို Play မလုပ်ခင် Sub Title မှာ မြန်မာဘာသာကို အရင် ရွေးလိုက်ပါ။

     ဘာသာပြန်ကို နောက်တစ်မျိုးစမ်းကြည့်ခြင်းပါ။ စာပိုဒ်တွေကို ဘာသာပြန်ရတာနဲ့တော့ မတူပါဘူး။ ရှိသမျှ ၀ါကျတွေကို သူ့ Time Stamp အတိုင်း လျှောက်ပြီး ခွဲစိတ်ပစ်ရတော့ စကားအထောက်လေးတွေ လိုက်ပြောင်းပေးရတဲ့ ပြသနာ တစ်ခုရှိလာတယ်။ ရှေ့နောက်စပ်ဆက်နိုင်တဲ့အား လျော့သွားမှာတော့ စိုးရတယ်။ အကောင်းဆုံးတော့ ကြိုးစားထားကြည့်တယ်။ တစ်ချို့ကိုတော့ ဘာသာပြန်လို့မရဘူး။ ရမ်းတုတ်လိုက်ရတယ်။ ဥပမာ "under academy" လိုဝေါဟာရမျိုး။ ရှာတုန်းပဲ။ တွေ့သေးဘူး။

ဗဟုသုတ တိုးကြပါစေ...
ပျော်ရွှင်ကြပါစေ...
မောင်မောင်