ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ May your mind and body be peaceful! 祝你身心愉快! ပျော်ရွှင်ပါစေ။ May you be happy! 祝你快乐! မောင်မောင် - ဘာသာပြန်မှတ်စုများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ May your mind and body be peaceful! 祝你身心愉快! ပျော်ရွှင်ပါစေ။ May you be happy! 祝你快乐! မောင်မောင် - ဘာသာပြန်မှတ်စုများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ May your mind and body be peaceful! 祝你身心愉快! ပျော်ရွှင်ပါစေ။ May you be happy! 祝你快乐!

Tuesday, June 21, 2011

TED အကြောင်း တစေ့တစောင်း

     TED ဆိုတာ အကျိုးအမြတ်မရှာတဲ့၊ ဖြန့်ဝေထိုက်တဲ့ ideas တွေကို ဖြန့်ဝေပေးဖို့ ဖွဲ့စည်းဖြစ်သွားတဲ့ အဖွဲ့အစည်းကြီးပါ။ ၁၉၈၄ ခုနှစ်က Technology, Entertainment, Design ဆိုတဲ့ နယ်ပယ်သုံးခုက လူတွေစုပြီး အစည်းအဝေးပွဲကြီးအနေနဲ့ စတင်ခဲ့တာကနေ တဖြည်းဖြည်းချင်း ကျယ်ပြန့်လာခဲ့တာပါ။ TED ဆိုတဲ့ နာမည်ကိုလည်း ဒီနယ်ပယ်သုံးခုရဲ့ ထိပ်စာလုံးလေးတွေကို ယူပြီး နာမည်ပေးထားတာပါ။

     ကမ္ဘာသူကမ္ဘာသားအားလုံးအတွက် အကျိုးရှိနိုင်မယ့် အကြောင်းတွေကို ပြောဆိုခွင့်ရအောင် ဖန်တီးပေးထားတဲ့ Talk Program တစ်ခုပါ။ နောက်တော့ အရမ်းကျယ်ပြန့်လာတော့ TED အဖွဲ့အစည်းကြီး ဖြစ်သွားပါတယ်။ နိုင်ငံတကာမှာလဲ TED လိုပုံစံမျိုးတွေ ပြန့်ပွားလာအောင် သီးခြားကျင်းပလို့ရတဲ့ စကားပြောပွဲတွေ လုပ်လို့ရအောင် အခွင့်အလမ်းတွေပေးထားတယ်။ ဒါကို TEDx လို့ နာမည်ခွဲလေးပေးထားပါတယ်။  ပြောထားတဲ့ Talks တွေကို မှတ်တမ်းတင်ထားပြီး www.ted.com မှာ ပြန်တင်ပေးပါတယ်။

Monday, June 6, 2011

သံတမန်မိန်းမသားတစ်ဦးအဖြစ်

   

     မိန်းမတစ်ယောက်အနေနဲ့ ယောက်ျားတွေအများကြီးနဲ့ ရင်ဘောင်တန်းပြီး အလုပ်တွေကို လုပ်ပြနိုင်တာ ဂုဏ်ယူစရာပဲ။ ဒါပေမယ့် အဲဒီလို မိန်းမတွေ နည်းနေသေးတယ်။ တခြားရှုထောင့်က ပြောရရင်  လူအသိုင်းအ၀ိုင်းကြီးတစ်ခုလုံးက ဒါကို မသိကျိုးကျွံပြုထားတယ်ဆိုတဲ့ အချက်ပါ။ တစ်ချို့ မိန်းမတွေတော်တာ ယောက်ျားတွေထက်သာတာကို ယောက်ျားတွေက လက်မခံကြဘူး။ တစ်ချို့ကိစ္စတွေမှာဆို မိန်းမတွေအရာပါတယ်လို့တောင် ထင်တာမဟုတ်ဘူး။

     အဲဒီလို ယောက်ျားတွေက တွေးနေချိန်မှာ မိန်းမတော်တော်များများကလည်း ယောက်ျားတွေနဲ့ ရင်ဘောင်တန်းနိုင်ဖို့ မိန်းမတွေရဲ့ အားနည်းချက်ကို မစွန့်လွှတ်ကြဘူး။

    ဒါတွေကို မဒ်ဒယ်လိုင်း အဲလ်ဘရိုက် က မိန်းမတွေကို အားမရတဲ့လေသံနဲ့၊ ယောက်ျားတွေကို အမြင်ကြည်ဖြူကြပါလို့ တိုက်တွန်းပြောကြားသွားတဲ့ အကြောင်းအရာလေးပါ။ အင်္ဂလိပ်လို နားထောင်ရမှာ အခက်အခဲရှိသူများအတွက် မြန်မာလို စာတန်းထိုး ဘာသာပြန်ပေးထားပါတယ်။

*(ဘာသာပြန်သူရဲ့ အာဘော် မဟုတ်ကြောင်းပါ။)

     ဒီ Video ကို ကိုယ်ရဲ့ blog post ထဲမှာ embed လုပ်တော့ Dotsub က ကိုယ်ကြိုက်ရာ ဘာသာစကားနဲ့ ကြည့်လို့ရအောင် စာတန်းထိုးရွေးချယ်ခွင့်ပေးထားတယ်။ TED ကတော့ Subtitles ရွေးချယ်ခွင့်ကို မပေးထားဘူး။ စပြီးဘာသာပြန်ဖို့ ရွေးချယ်လိုက်တာကတော့ TED မှာပါ။ ဒါပေမယ့် တကယ်ဘာသာပြန်ရတော့ Dotsub မှာ။ ဘာပဲပြောပြော ဘာသာပြန်ဖြစ်သွားတယ်။ သိပ်အကောင်းကြီး မဟုတ်ပေမယ့် မဆိုးလှဘူးလို့ပဲ ကိုယ့်ကိုယ်ကို နှစ်သိမ့်ရမှာပါ။ ဒီ Talk အတွက် ဘာသာပြန်ထားတာကို Review ပြန်လုပ်ပေးတဲ့ TED က စာတန်းထိုး ဘာသာပြန် ဖြစ်တဲ့ Reviewer ကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောကြားလိုက်ပါတယ်။


တိုးတက်ကြပါစေ...
ပျော်ရွှင်ကြပါစေ...
မောင်မောင်