ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ May your mind and body be peaceful! 祝你身心愉快! ပျော်ရွှင်ပါစေ။ May you be happy! 祝你快乐! မောင်မောင် - ဘာသာပြန်မှတ်စုများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ May your mind and body be peaceful! 祝你身心愉快! ပျော်ရွှင်ပါစေ။ May you be happy! 祝你快乐! မောင်မောင် - ဘာသာပြန်မှတ်စုများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ May your mind and body be peaceful! 祝你身心愉快! ပျော်ရွှင်ပါစေ။ May you be happy! 祝你快乐!

Wednesday, October 13, 2010

ထင်သလောက်မခက်...

     ကိစ္စရပ်တွေက ခက်ခဲလို့ ကျွန်တော်တို့က မလုပ်ရဲတာ မဟုတ်ပါဘူး။ ကိစ္စရပ်တွေကို ကျွန်တော်တို့က မလုပ်ရဲလို့သာ ခက်ခဲကုန်ရတာပါ။

     ၁၉၆၅ ခုနှစ်တုန်းက တောင်ကိုရီးယား ကျောင်းသားတစ်ယောက် ကိမ်းဘရစ်ခ်ျတက္ကသိုလ်မှာ စိတ်ပညာ အဓိကနဲ့ ကျောင်းတက်ခဲ့တုန်းကပေါ့။ နေ့လည် ကော်ဖီသောက်ချိန်တွေမှာ သူဟာ ကျောင်းက ကော်ဖီဆိုင်မှာ ဒါမှမဟုတ် လ္ဘက်ရည်ဝိုင်းတွေမှာ အောင်မြင်မှုရရှိနေသူတွေ စကားပြောတာကို အမြဲသွားနားထောင်ပါတယ်။ ဒီအောင်မြင်နေသူတွေထဲမှာ နိုဘယ်ဆုရထားသူတွေ၊ တချို့နယ်ပယ်တွေနဲ့ ပညာရေးပိုင်းဆိုင်ရာက အရာရှိကြီးတွေ၊ စီးပွားရေးဒဏ္ဍာရီတွေကို ဖန်တီးခဲ့သူတွေအထိ အကုန်ပါကြပါတယ်။ ဒီလူတွေအားလုံးက ပျော်ပျော်ရွှင်ရွင် ပေါ့ပေါ့ပါးပါးနေတတ်ကြပြီး သူတို့ရဲ့အောင်မြင်မှုတွေဟာ အလိုလိုသဘာဝကျကျနဲ့ ကျိုးကြောင်းညီညွတ်စွာ အဆင်ပြေလာတယ်လို့ ထင်ကြတဲ့လူတွေချည်းပါပဲ။ အချိန်လည်းကြာလာရော သူ့နိုင်ငံမှာရှိတဲံ့ တချို့အောင်မြင်သူတွေဟာ လိမ်ညာပြောဆိုနေကြတယ်ဆိုတာကို သူသတိထားမိသွားတယ်။ အဲဒီလူတွေက သူတို့အောင်မြင်ဖို့အတွက် ဘယ်လောက် ပင်ပန်းကြမ်းတမ်းခဲ့တယ် ဆိုတဲ့အချက်ကို အကျယ်ချဲ့ပြောခဲ့ကြပြီး လုပ်ငန်းထူတောင်ဆဲလူတွေကို အခက်အခဲတွေကြောင့် နောက်ဆုတ်သွားစေခဲ့ပါတယ်။ သူတို့ရဲ့ အောင်မြင်မှုအတွေ့အကြုံနဲ့ အောင်မြင်မှုမရသေးတဲ့လူတွေကို ခြိမ်းခြောက်ခဲ့ကြတယ်ဆိုရင်လည်း မမှားပါဘူး။

     စိတ်ပညာဌာနက ကျောင်းသားပီပီ သူဟာ တောင်ကိုရီးယားက အောင်မြင်သူတွေရဲ့ စိတ်နေစိတ်ထားကို အလေးထားသုတေသနပြုဖို့ သင့်တယ်လို့ ထင်လာမိတယ်။ ၁၉၇၀ ခုနှစ်မှာ သူဟာ ‘‘အောင်မြင်မှုဟာ ထင်သလောက်မခက်ပါ’’ ဆိုတဲ့စာတမ်းကို ဘွဲ့စာတမ်းအဖြစ်နဲ့ ခေတ်သစ်စီးပွားရေးစိတ်ပညာဘာသာရပ်ကို စတင်တီထွင်ခဲ့သူ ပါမောက္ခ ဝေလ်.ဘရာဒန်တန်(Will-Bradenton) ထံ စာတမ်းတင်သွင်းခဲ့ပါတယ်။ ပါမောက္ခ ဘရာဒန်တန်က ဒါကို ဖတ်ပြီးတော့ အကြီးအကျယ် အံ့ဩသဘောကျပြီး ဒါဟာ တွေ့ရှိမှုအသစ်ပဲဆိုတာ သိလိုက်ပါတယ်။ ဒီလို အဖြစ်အပျက်မျိုးတွေဟာ အာရှအပြင် ကမ္ဘာ့နေရာအနှံ့အပြားမှာ ပျံ့နှံ့တည်ရှိနေခဲ့ပေမယ့် ဒီလို ရဲရဲဝံ့ဝံ့နဲ့ သုတေသနစာတမ်းအနေနဲ့ တင်ခဲ့တာမျိုး ဘယ်သူတစ်ဦးတစ်ယောက်ကမှာ မလုပ်ခဲ့ဖူးသေးပါဘူး။ အံ့ဩ၀မ်းမြောက်မှုနဲ့အတူ သူဟာ အဲဒီအချိန်က ကိမ်းဘရစ်ခ်ျတက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ တောင်ကိုရီးယားနိုင်ငံရေးဇတ်ခုံမှာ ပထမဆုံးကုလားထိုင်ကို လွှဲပြောင်းပေးခြင်းခံထားရသူ ကျောင်းသား ပတ်ချုံဟီး (Park Chung-hee) ဆီကို စာရေးပါတော့တယ်။ စာထဲမှာတော့ ‘‘မင်းအတွက် ဒါဟာ ဘယ်လောက်အကူအညီ ဖြစ်မယ်ဆိုတာတော့ ငါမပြောရဲပါဘူး။ ဒါပေမယ့် ဒီစာတမ်းဟာ မင်းရဲ့ ဘယ်နိုင်ငံရေးအမိန့်ထက်မဆို လူတွေကို စိတ်အားတက်ကြွစေတယ်ဆိုတာတော့ ငါအာမခံရဲတယ်... ’’ လို့ရေးထားပါတယ်။

သဘောတရား။     ။လူ့လောကထဲက ကိစ္စတော်တော်များများဟာ လုပ်ချင်စိတ်သာရှိရင် ဖြစ်လာမှာပါ်။ ကျော်လွှားရမယ့် အခက်အခဲတွေကိုလည်း ကျော်လွှားသွားနိုင်ပါတယ်။ သံမဏိလို ဇွဲတွေဘာတွေ ဘာမှမလိုပါဘူး။ နည်းလမ်းကောင်းတွေ ဗျူဟာကောင်းတွေ ပိုလို့တောင် မလိုအပ်ပါဘူး။ လူတစ်ယောက်ဟာ ရိုးရိုးရှင်းရှင်းနဲ့ တခုခုကို စိတ်ဝင်တစား လုပ်ကိုင်နေထိုင်ရင်ကိုပဲ နောက်ဆုံးမှာ အဲဒီဟာက သူ့ဖာသာ ရင့်မှည့်ရိတ်သိမ်းချိန်ကို ရောက်လာမယ်ဆိုတာ တွေ့လာရမှာပါ။

----------------------------------------------------------------------------------------------
ဒီဘာသာပြန်ရဲ့ မူရင်းကတော့ Easy Success လို့ နာမည်ပေးထားတဲ့ 成功可以很容易(肖邦振) စာအုပ်ထဲကပါ။ ဒီပုံပြင်ရဲ့ မူရင်း ခေါင်းစဉ်ကတော့ 成功并不像你想象的那么难 ဆိုတာပဲဖြစ်ပါတယ်။


ပျော်ရွှင်ကြပါစေ
မောင်မောင်
၁၃.၁၀.၂၀၁၀ ည ၁၁း၃၁ နာရီ

1 comment:

  1. ဒါကတော့ စာအုပ်ခေါင်းစဉ်ကိုက ‘‘အောင်မြင်မှုဟာလွယ်ပါတယ်’’လို့ ဆိုထားတာကိုး။ ရေးသူကလည်း ဒီအဓိပ္ပါယ်ရောက်အောင် ရေးရတာပေါ့။ ဒါပေမယ့် ....သူပြောချင်တဲ့ အဓိက အချက်ကတော့ တချို့လူတော်တော်များများအတွက် မှန်နေတယ်ဆိုတာ ငြင်းလို့မရပါဘူး။ "Simply The Best" ဆိုတဲ့ TV Program မှာ ဖော်ပြထားတဲ့လူတွေက ဒါကို ပိုလို့တောင် လက်ခံမယ် ထင်ပါတယ်။

    ReplyDelete