ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ May your mind and body be peaceful! 祝你身心愉快! ပျော်ရွှင်ပါစေ။ May you be happy! 祝你快乐! မောင်မောင် - ဘာသာပြန်မှတ်စုများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ May your mind and body be peaceful! 祝你身心愉快! ပျော်ရွှင်ပါစေ။ May you be happy! 祝你快乐! မောင်မောင် - ဘာသာပြန်မှတ်စုများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ May your mind and body be peaceful! 祝你身心愉快! ပျော်ရွှင်ပါစေ။ May you be happy! 祝你快乐!

Monday, December 20, 2010

iphone က ခရီးသွား ဘာသာပြန်တဲ့...

ဒီ ပို့စ်ကတော့iphone ကနေ အင်တာနက် မချိတ်ပဲ တိုက်ရိုက် ဘာသာပြန်နိုင်တဲ့ Word Lens Application လေးအကြောင်းပါ။ Yahoo သတင်းမှာ ပါလာတော့ စိတ်ဝင်စားတာနဲ့ ဖြန့်ဝေပေးလိုက်တာပါ။

နိုင်ငံခြားတိုင်းပြည်မှာ ခရီးသွားရင်း စားသောက်ဆိုင်က ဟင်းစာရင်းတွေ၊ လမ်းပြ အမှတ်အသားတွေကို ဖတ်ဖို့ အခက်အခဲဖြစ်နေပါသလား? Word Lens ဆိုတဲ့ (AR - Augmented Reality)*  (ရုပ်ပုံစာသားများကို လက်တွေ့လောကတွင် အသုံးချနိုင်အောင် ဒီဂျစ်တယ်ပစ္စည်းများဖြင့် ပြုပြင်ချဲ့ထွင်ထားသော )* ဘာသာပြန် အသုံးချဆော့ဖ်ဝဲ လေးက သင့်ကို ကယ်ဆယ်နိုင်ပါလိမ့်မယ်။

ဒီအသုံးချ ဆော့ဖ်ဝဲလေးကိုသာ ဖွင့်လိုက်ပါ။ ပြီးရင် ကိုယ်ဘာသာပြန်ချင်တဲ့ စာသားကို iphone ကင်မရာနဲ့ ချိန်လိုက်တာနဲ့ Word Lens က မျက်စိတမှိတ်အတွင်းမှာပဲ မျက်လှည့်ပြလိုက်သလို ဘာသာပြန်ပေးသွားပါလိမ့်မယ်။ ပုံထဲမှာ ရှိတဲ့စာသားကလွဲရင် အားလုံးက နဂိုအတိုင်းကျန်နေမှာပါ။ ဘာသာပြန်ကိုတော့ အဝေးကနေလုပ်ပေးသွားမှာပါ။ ဒါပေမယ့် အင်တာနက်တို့ ဖုန်းချိတ်ဆက်မှုတို့ လုပ်စရာမလိုပါဘူး။

ဒီအသုံးချ ဆော့ဖ်ဝဲလေး အလုပ်လုပ်သွားပုံကတော့ ဒီလိုပါ။ (OCR - Optical Character Recognition)* (စာအုပ်၊ ရုပ်ပုံမှ စာသားများကို ဒီဂျစ်တယ်အဖြစ် တိုက်ရိုက်ကူးယူဖတ်မှတ်ပြီး ပြုပြင်ပြောင်းလဲနိုင်သော)* ဆိုတဲ့ နည်းပညာကို အသုံးပြုပြီး iphone ကင်မရာကနေ စာသားတွေကို ဖတ်ပါတယ်။ ပြီးတော့ ချက်ချင်း ဘာသာပြန်တယ်။ ပြီးရင် နိုင်ငံခြားဘာသာစာလုံးတွေကို အဓိပ္ပါယ်တူ အင်္ဂလိပ်စာသားနဲ့ အစားထိုးပေးလိုက်ပါတယ်။ အင်္ဂလိပ်သာသာကနေ နိုင်ငံခြားဘာသာစကားကိုလည်း ဒီလိုပဲ အပြန်အလှန် အစားထိုးပေးပါတယ်။
 
စိတ်တွေကို တုန်လှုပ်သွားစေတဲ့ ဒီဘာသာပြန်နည်းပညာကို Quest Visual ကို တည်ထောင်ခဲ့တဲ့ အိုတာဗီယိုဂွတ် နဲ့ ဂျွန်ဒီဝီးဇ် (Otavio Good and John DeWeese) တို့က ၂နှစ်ခွဲကြာ အချိန်ယူပြီး ဖေါ်ထုတ်ခဲ့တာပါ။
 
ဒီအသုံးချဆော့ဖ်ဝဲလေးက လောလောဆယ်မှာတော့ စပိန်ဘာသာနဲ့ အင်္ဂလိပ်ဘာသာကိုသာ အပြန်အလှန် ပံ့ပိုးပေးနိုင်ပါသေးတယ်။ နောက်ထပ်သာသာစကားတွေနဲ့ မျက်မမြင်တွေအတွက် အသုံးချဆော့ဖ်ဝဲတွေကိုတော့ ထည့်သွင်းဖို့လုပ်နေဆဲပဲဖြစ်ပါတယ်။

‘‘နောက်ထည့်မယ့်သာသာစကားကို ပြင်သစ် ဒါမှမဟုတ် အီတလီ လုပ်မယ်ဆိုလည်း ကျွန်တော်ကတော့ မအံ့ဩပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့အမေက ပေါ်တူဂီစကားပြောတဲ့ ဘရာဇီးနိုင်ငံသူ  (Brazilian) ဖြစ်နေလို့ပါပဲ ’’ လို့ ဂွတ်က ပြောဆိုလိုက်ပါတယ်။

Word Lens ကို Apple Store မှာတော့ အလကားရနိုင်ပေမယ့် စာသားတွေကို Screen ကနေ ပြန်ဖျက်သွားတာကို တွေ့ရပါလိမ့်မယ်။ အပြည့်အ၀သုံးလို့ရအောင် ဖွင့်ဖို့ကိုတော့ လောလောဆယ်ရနိုင်တဲ့ ဘာသာစကားတစ်ခုချင်းစီအတွက် အမေရိကန် ဒေါ်လာ ၄.၉၉ စီပေးပြီ ၀ယ်မှရပါမယ်တဲ့ဗျား....

ဒါကတော့ Youtube မှာတင်ထားတဲ့ ဒီဆော့ဖ်ဝဲအသုံးပြုပုံနမူနာလေးပါ။


ဒါကတော့ yahoo ကသတင်း Link ပါ။ 

ပျော်ရွှင်ကြပါစေ...
မောင်မောင်
၂၀-၁၂-၂၀၁၀ နေ့လည် ၂း၁၄ နာရီ

No comments:

Post a Comment