ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ May your mind and body be peaceful! 祝你身心愉快! ပျော်ရွှင်ပါစေ။ May you be happy! 祝你快乐! မောင်မောင် - ဘာသာပြန်မှတ်စုများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ May your mind and body be peaceful! 祝你身心愉快! ပျော်ရွှင်ပါစေ။ May you be happy! 祝你快乐! မောင်မောင် - ဘာသာပြန်မှတ်စုများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ May your mind and body be peaceful! 祝你身心愉快! ပျော်ရွှင်ပါစေ။ May you be happy! 祝你快乐!

Tuesday, December 21, 2010

တရုတ်စာအတွက် OCR အဘိဓါန် iPhone မှာသုံးနိုင်...

မနေ့က Yahoo သတင်းကနေ Word Lens အကြောင်းရေးဖြစ်သွားတယ်။ ဒီနေ့လည်း တရုတ်စာလေ့လာနေတဲ့ သူငယ်ချင်းများအတွက် OCR နည်းပညာသုံးထားတဲ့ အဘိဓါန်လေးအကြောင်းကို အမှတ်မထင် သိလိုက်ရလို့ ဖြန့်ဝေလိုက်ပါတယ်။

ဆော့ဝဲနာမည်ကိုတော့ Pleco လို့ပေးထားပါတယ်။ New York ကကုမ္ပဏီလေးတစ်ခုက တရုတ်စာလေ့လာဖို့အတွက် အကောင်းဆုံးပစ္စည်းကို ထွင်ဖို့ကိုပဲအာရုံထားပြီး လုပ်ခဲ့တာပါ။ တရုတ်ဝေါဟာရတွေကို မတူညီတဲ့ အဘိဓါန် ၈-မျိုးလောက်ကနေ ရှာလို့ရအောင်လုပ်ပေးထားပါတယ်။ iPhone, iPod Touch, iPad, Windows Mobile နဲ့ Palm OS တွေအားလုံးမှာ သုံးလို့ရနေပါပြီ။ ဒီ ပစ္စည်းတွေရဲ့ screen ပေါ်မှာလက်နဲ့ရေးတာပဲဖြစ်ဖြစ်၊ Pinyin နဲ့ရှာရင်ပဲဖြစ်ဖြစ် ရပါတယ်။ အသံလည်းထွက်ပေးနိုင်ပြီး စုတ်ချက်အစဉ်လိုက်ရေးတဲ့ ဇယားတွေလည်းပါပါတယ်။ e-book တွေကို ဖတ်လို့ရအောင် document reader ကိုလည်း ထည့်သွင်းပေးထားပါတယ်။ ပြီးတော့ မိမိဖာသာ ပြုပြင်ပြောင်းလဲလို့ရတဲ့ flashcard စနစ်တွေကိုလည်း ထည့်သွင်းပေးထားတဲ့ အဆင့်မြင့်ဆုံးတီထွင်မှုတစ်ခုဖြစ်ပါတယ်။ ဒါတွေအားလုံးကို phone စတဲ့ ပစ္စည်းကိရိယာလေးတစ်ခုထဲမှာ ထည့်သွင်းပေးထားတဲ့အတွက် သွားလေရာအိတ်ထဲဆောင်နိုင်ပါတယ်။

ဒါကတော့ Pleco ရဲ့ မူရင်း web site ပါ။ http://www.pleco.com/

ဒါကတော့ ဒီဆော့ဖ်ဝဲအသုံးပြုပုံကို Youtube
မှာကြည့်ဖို့ပါ။



တခြားသော တရုတ်စာနဲ့ပတ်သက်တဲ့ phone ဆော့ဖ်ဝဲတွေကို လည်း လေ့လာနိုင်အောင် Link တွေပေးလိုက်ပါတယ်။

Lost In China
Document Scanner

ပျော်ရွှင်ကြပါစေ...
မောင်မောင်
၂၁-၁၂-၂၀၁၀ နေ့လည် ၂း၅၅ နာရီ

No comments:

Post a Comment