ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ May your mind and body be peaceful! 祝你身心愉快! ပျော်ရွှင်ပါစေ။ May you be happy! 祝你快乐! မောင်မောင် - ဘာသာပြန်မှတ်စုများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ May your mind and body be peaceful! 祝你身心愉快! ပျော်ရွှင်ပါစေ။ May you be happy! 祝你快乐! မောင်မောင် - ဘာသာပြန်မှတ်စုများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ May your mind and body be peaceful! 祝你身心愉快! ပျော်ရွှင်ပါစေ။ May you be happy! 祝你快乐!

Monday, June 6, 2011

သံတမန်မိန်းမသားတစ်ဦးအဖြစ်

   

     မိန်းမတစ်ယောက်အနေနဲ့ ယောက်ျားတွေအများကြီးနဲ့ ရင်ဘောင်တန်းပြီး အလုပ်တွေကို လုပ်ပြနိုင်တာ ဂုဏ်ယူစရာပဲ။ ဒါပေမယ့် အဲဒီလို မိန်းမတွေ နည်းနေသေးတယ်။ တခြားရှုထောင့်က ပြောရရင်  လူအသိုင်းအ၀ိုင်းကြီးတစ်ခုလုံးက ဒါကို မသိကျိုးကျွံပြုထားတယ်ဆိုတဲ့ အချက်ပါ။ တစ်ချို့ မိန်းမတွေတော်တာ ယောက်ျားတွေထက်သာတာကို ယောက်ျားတွေက လက်မခံကြဘူး။ တစ်ချို့ကိစ္စတွေမှာဆို မိန်းမတွေအရာပါတယ်လို့တောင် ထင်တာမဟုတ်ဘူး။

     အဲဒီလို ယောက်ျားတွေက တွေးနေချိန်မှာ မိန်းမတော်တော်များများကလည်း ယောက်ျားတွေနဲ့ ရင်ဘောင်တန်းနိုင်ဖို့ မိန်းမတွေရဲ့ အားနည်းချက်ကို မစွန့်လွှတ်ကြဘူး။

    ဒါတွေကို မဒ်ဒယ်လိုင်း အဲလ်ဘရိုက် က မိန်းမတွေကို အားမရတဲ့လေသံနဲ့၊ ယောက်ျားတွေကို အမြင်ကြည်ဖြူကြပါလို့ တိုက်တွန်းပြောကြားသွားတဲ့ အကြောင်းအရာလေးပါ။ အင်္ဂလိပ်လို နားထောင်ရမှာ အခက်အခဲရှိသူများအတွက် မြန်မာလို စာတန်းထိုး ဘာသာပြန်ပေးထားပါတယ်။

*(ဘာသာပြန်သူရဲ့ အာဘော် မဟုတ်ကြောင်းပါ။)

     ဒီ Video ကို ကိုယ်ရဲ့ blog post ထဲမှာ embed လုပ်တော့ Dotsub က ကိုယ်ကြိုက်ရာ ဘာသာစကားနဲ့ ကြည့်လို့ရအောင် စာတန်းထိုးရွေးချယ်ခွင့်ပေးထားတယ်။ TED ကတော့ Subtitles ရွေးချယ်ခွင့်ကို မပေးထားဘူး။ စပြီးဘာသာပြန်ဖို့ ရွေးချယ်လိုက်တာကတော့ TED မှာပါ။ ဒါပေမယ့် တကယ်ဘာသာပြန်ရတော့ Dotsub မှာ။ ဘာပဲပြောပြော ဘာသာပြန်ဖြစ်သွားတယ်။ သိပ်အကောင်းကြီး မဟုတ်ပေမယ့် မဆိုးလှဘူးလို့ပဲ ကိုယ့်ကိုယ်ကို နှစ်သိမ့်ရမှာပါ။ ဒီ Talk အတွက် ဘာသာပြန်ထားတာကို Review ပြန်လုပ်ပေးတဲ့ TED က စာတန်းထိုး ဘာသာပြန် ဖြစ်တဲ့ Reviewer ကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောကြားလိုက်ပါတယ်။


တိုးတက်ကြပါစေ...
ပျော်ရွှင်ကြပါစေ...
မောင်မောင်

2 comments:

  1. တခြားအမျိုးသမီးတွေတော့မသိပါဘူး။ ကျွန်တော့ ဘေးနားမှာ ရှိနေတဲ့ မိန်းမတွေအားလုံး ကျွန်တော့်ထက်တော်တယ်ဆိုတာ ၀န်ခံရမယ်ဗျာ။ ကျွန်တော့်ထက်ပိုပြီး အနစ်နာခံနိုင်ကြတယ်။ ကျွန်တော့်ထက်ပိုပြီး ပညာကောင်းတယ်။ ကျွန်တော့်ထက်ပိုပြီး တွေးနိုင်ခေါ်နိုင်ကြတယ်။ ကျွန်တော့်ထက်ပိုပြီး သဘောထားကြီးကြတယ်။ ကျွန်တော့်ထက်ပိုပြီး ဒုက္ခခံနိုင်ကြတယ်။ ကျွန်တော့်ထက်ပိုပြီး ရဲရင့်ကြတယ်။ ကျွန်တော့်ထက်ပိုပြီး စွန့်လွှတ်နိုင်ကြတယ်။ ကျွန်တော်ထက်ပိုပြီး ရိုးသားကြတယ်။ တစ်ခုကံကောင်းတာက သူတို့အားလုံး ကျွန်တော့်ကို အလိုလိုက်ကြတယ်၊ ချစ်ကြတယ်ဆိုတာပါပဲ။

    ReplyDelete
  2. လာမချုပ်နဲ့ ... yr mama

    ReplyDelete