ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ May your mind and body be peaceful! 祝你身心愉快! ပျော်ရွှင်ပါစေ။ May you be happy! 祝你快乐! မောင်မောင် - ဘာသာပြန်မှတ်စုများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ May your mind and body be peaceful! 祝你身心愉快! ပျော်ရွှင်ပါစေ။ May you be happy! 祝你快乐! မောင်မောင် - ဘာသာပြန်မှတ်စုများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ May your mind and body be peaceful! 祝你身心愉快! ပျော်ရွှင်ပါစေ။ May you be happy! 祝你快乐!

Monday, March 1, 2010

ပြောချင်တဲ့အကြောင်း (၁)


     ဦးမောင် ပြီးခဲ့တဲ့လက သူငယ်ချင်းတစ်ယောက် လုပ်ထားတဲ့ Myanmar In Singapore ဆိုတဲ့ Ning Social Website လေးမှာ ဦးမောင် ဘာသာပြန်ထားတဲ့ လူအများနှစ်သက်နိုင်မယ့် post လေးတစ်ခုကို စပြီး တင်ဖြစ်ခဲ့ပါတယ်။ မှတ်မှတ်ရရ ပြောရရင် Feb 2, 2010 11:00 PM (SG Time) မှာပါ။ ‘‘အလုပ်ထွက်ခြင်းနဲ့ရာထူးတိုးခြင်း’’ ဆိုတဲ့ post လေးပါ။ ဒုတိယ post ဖြစ်တဲ့ ‘‘စာမေးကောင်းတဲ့အမေ’’ ဆိုတဲ့ ဟာသ ဘာသာပြန်ကိုတော့ Feb 4, 2010 8:17 PM မှာတင်ဖြစ်ခဲ့ပါတယ်။ တတိယ ဖြစ်တဲ့ ‘‘စွန့်လွှတ်ခြင်းနဲ့ ရွေးချယ်ခြင်း’’ post လေးကို တော့ Feb 19, 2010 8:54 PM မှာတင်ဖြစ်ခဲ့ပါတယ်။

     Posts တွေကို လူအများနှစ်သက်ကြတဲ့အတွက် ဦးမောင် ဘာသာပြန်ရကျိုးနပ်တယ်လို့ ခံစားမိပါတယ်။ ဒါပေမယ့်ပေါ့လေ...။ ဦးမောင်အီးမေးလ်ဆီကို ဒုတိယ ပို့စ်လေးဖြစ်တဲ့ ‘‘စာမေးကောင်းတဲ့အမေ’’ ပြန်ရောက်လာတဲ့အခါမှာ ဦးမောင် ခံစားမှုနှစ်မျိုးကို တစ်ပြိုင်နက်ထဲ ခံစားမိလိုက်ရပါတယ်။ တစ်ခုက ၀မ်းသာပီတိ ဖြစ်ရတာ။ တစ်ခုကတော့ စိတ်မကောင်းတာပါ။ ဒီအထိပြောပြီဆိုရင် blogger တိုင်းခံစားလို့ရနိုင်ပါပြီ။ 

     ပထမခံစားမှုကတော့ ဦးမောင်ရဲ့ ပို့စ်လေးဟာ လူအများအတွက် အပြုံးပန်းတစ်လက်ကို သေချာပေါက် ဆောင်ကျဉ်းပေးနိုင်မယ်ဆို့တဲ့အချက်ကို တွေးမိရင်း ပျော်ရွှင်ရတာပါ။ တခြားဘာသာစကားနဲ့လူမျိုးတွေက သူတို့ဘာသာနဲ့ ဒါလေးကို ဖတ်ပြီး ရယ်မောနေကြတဲ့အချိန်မှာ ဦးမောင်ကလဲ ကိုယ့်မြန်မာစကားလေးနဲ့ ကိုယ့်လူတွေရယ်မောစေချင်တဲ့ စေတနာနဲ့ ဘာသာပြန်ပေးခဲ့ခြင်းပါ။ ဒီပို့စ်လေး အီးမေးလ်နဲ့ လျှောက်သွားနေတာ ဦးမောင် ပျော်ပါတယ်။ မူရင်းရည်ရွယ်ချက်လေး အောင်မြင်တယ်လို့ ယူဆရင်းနဲ့ပေါ့။

     ဒုတိယခံစားမှုဖြစ်တဲ့ စိတ်မကောင်းမှုကတော့ ဒီပို့စ်လေးအောက်မှာ ဦးမောင် တင်ပေးလိုက်တုန်းကလို ဦးမောင်ရဲ့ Blog-Linkရယ်၊ နာမည်ရယ် မပါတော့တဲ့အတွက်ပါ။ စပြီးဖြန့်လိုက်တဲ့သူကတော့ ပါအောင်ထည့်ပေးချင်ပေးမှာပါ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးတွေကြောင့်လို့ နားလည်မိရင်း ဖြစ်လာတဲ့ခံစားချက်ကို ဒီပို့စ်ထပ်ရေးပြီး ဖြေသိမ့်လိုက်ရကြောင်းပါ။ 

     အမှန်တော့ ဒါလေးကို ဘယ်သူမဆို အဲဒီဘာသာစကားတတ်ကျွမ်းသူတိုင်း ပြန်နိုင်တယ် ဆိုတာ ဦးမောင်သိပါတယ်။ ဒါပေမယ့် ဦးမောင် ဘာသာပြန်မိတော့ ဦးမောင်ရဲ့အတ္တလေးကို ပြန်မြင်ယောင်မိတာ မှားနိုင်မလား။ အခုတော့ ဦးမောင် မရေးချင်တဲ့ အကြောင်းတစ်ခုကို ဦးမောင်ရဲ့ ဘလော့မှာရေးဖြစ်သွားရပါပြီ။ ဦးမောင်ရဲ့ ပို့စ်လေးတွေအတွက် ဦးမောင်ကို မူပိုင်ခွင့်လေးပေးကြဖို့ပါ။

     Blogger တိုင်းမှာ ဦးမောင်လို တူညီတဲ့ ခံစားမှုတွေရှိမယ်လို့ ခံစားမိရင်း...။ တခြားလူများကလည်း Blogger တွေရဲ့ခံစားချက်ကို ညီတူညီမျှနားလည်ခံစားပေးနိုင်မယ်လို့ မျှော်လင့်ရင်း...

     ခံစားနားလည်နိုင်ကြပါစေ။


ပျော်ရွှင်ကြပါစေ
ဦးမောင်
၀၁.၀၃.၂၀၁၀ မနက် ၁၂း၃၁

No comments:

Post a Comment