ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ May your mind and body be peaceful! 祝你身心愉快! ပျော်ရွှင်ပါစေ။ May you be happy! 祝你快乐! မောင်မောင် - ဘာသာပြန်မှတ်စုများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ May your mind and body be peaceful! 祝你身心愉快! ပျော်ရွှင်ပါစေ။ May you be happy! 祝你快乐! မောင်မောင် - ဘာသာပြန်မှတ်စုများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ May your mind and body be peaceful! 祝你身心愉快! ပျော်ရွှင်ပါစေ။ May you be happy! 祝你快乐!

Friday, August 19, 2011

Tinkering School (လက်တွေ့သင်တန်းကျောင်း)


   
     ဒီဟောပြောချက်ကို ဘာသာမပြန်ခင်က Tinkering ဆိုတဲ့ စာလုံးကို ကျစ်ကျစ်လစ်လစ် တိုတိုတုတ်တုတ် ဘာသာပြန်ဖို့စဉ်းစားပါသေးတယ်။ "လက်တွေ့ဆောက်လုပ်ရေး"၊ "ကလေးသူငယ် လက်တွေ့ဆောက်လုပ်ရေး"၊ "ဆောက်လုပ်ရေးလက်တွေ့"၊ "လက်တွေ့တည်ဆောက်ရေး" စသည်စသည်ဖြင့် ချာလပတ်ရမ်းခဲ့သေးတယ်။ နောက်တော့လည်း စိတ်လျှော့လိုက်ပြီး "လက်တွေ့" ဆိုတာကိုပဲ ခဏသုံးထားရတယ်။
     ဒါမျိုးသင်တန်းတွေ မြန်မာမှာလည်းရှိလာရင်ကောင်းမယ်လို့ ထင်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ကလေးတွေအတွက် သင်ကြားပေးတဲ့ အခြေခံပညာရေးကို ပိုစိတ်ဝင်စားတယ်။  ကလေးဘ၀မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာအောင်၊ အဖွဲ့နဲ့ ပန်းတိုင်တစ်ခုရောက်အောင် အတူ လုပ်ကြကိုင်ကြတာတွေ၊ ကိုယ့်ပတ်ဝန်းကျင်ကို ကောင်းကောင်း လေ့လာတတ်အောင်နဲ့ စိတ်ဝင်စားမှုရှိအောင်၊ စသည်ဖြင့် ကလေးဘ၀ကတည်းက ရှိသင့်တဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ နေရာတစ်ခု ကလေးတွေအတွက်ရှိသင့်တယ်။ ဒီလိုပြောလို့ လက်ရှိပညာရေးမှာ အတန်းစာလေ့လာသွားရင်းနဲ့ ဒါတွေမွေးမြူလို့မရဘူးလို့ မဆိုလိုပါဘူး။ ဒါပေမယ့် ဘာကိုသင်ကြားဖို့ ချည်းကပ်ပုံဘယ်လိုကွာရတယ်ဆိုတာကိုတော့ လက်ခံရပါမယ်။ ဆိုလိုတာက ကျောင်းသင်ပညာရေးနဲ့ ဒီလိုသင်တန်းမျိုးက ပေးလာတဲ့ အသိရဲ့ အလေးအနက်ထားပုံခြင်းကွာပါတယ်။ ကျောင်းသင်ပညာရေးကတော့ ကျယ်ကျယ်ပြန့်ပြန့်ရှိပြီး ပိုအရေးပါတယ်။ ဒီလိုသင်တန်းမျိုးကတော့ ဘောင်ကျဉ်းပြီး ထိရောက်အောင်လုပ်ရတဲ့ နယ်ပယ် ကွာဟမှုရှိပါတယ်။

     ဒါပေမယ့် ဒီလိုသင်တန်းမျိုး ပုံစံကွဲတွေ အများကြီး ကျွန်တော်တို့ရဲ့ အခြေခံလူမှုအဆောက်အဦမှာ လိုအပ်ပါတယ်။ ကျွန်တော်ဒီလိုပြောနေတာမှာ ခိုင်မာတဲ့အကြောင်းတရားတစ်ခုရှိပါတယ်။ ငယ်ငယ်က အမေးခံရတဲ့ မေးခွန်းတစ်ခုကို ပြန်ကောက်ရမှာပါ။ "သားသားကြီးရင် ဘာလုပ်မလဲ" ဆိုတဲ့မေးခွန်းပါ။ ဒီတော့ ငယ်ငယ်ကမက်တဲ့ အိပ်မက်လေးတွေရှိလာပါတယ်။ ဒါပေမယ့် ဒီအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကလေးတစ်ယောက်အနေနဲ့ အခြေခံဘာတွေလိုအပ်လဲဆိုတာ ဆန်းစစ်ကြည့်တော့ အထက်ပါ သင်တန်းမျိုးကပေးတဲ့ အခြေခံလိုအပ်ချက်လေးတွေရှိမှ ကလေးတစ်ယောက်ဟာ လုပ်ရဲ၊ ပြောရဲ၊ တွေးရဲ၊ ရင်ဆိုင်ရဲမှာပါ။ အဲဒီတော့မှ သူ့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ရဲမှာပါ။ နောက်တစ်ခုက ကလေးဘ၀ကတည်းက မလုပ်ရဲ၊ မပြောရဲ၊ မတွေးရဲ၊ မရင်ဆိုင်ရဲတဲ့ အခြေခံအချက်တွေဟာ နုနယ်တဲ့ နှလုံးသားမှာ စွဲနေတော့ လူကြီးဘ၀ရောက်ရင်လည်း ဘ၀လိုအပ်ချက်တွေအတွက် အဲဒါတွေကို အလွယ်တကူ ပြုပြင်လို့ ရမရဆိုတာ မသေချာပါဘူး။

     မိမိရဲ့ ကလေးတွေကို ပေးသင့်ပေးထိုက်တာတွေ ပေးလိုက်ဖို့ မိဘတွေအနေနဲ့ ရဲရင့်ဖို့လိုပါတယ်။ ဒီလိုလေ့လာမှုမျိုးတွေကို အားပေးသင့်ပါတယ်။ ဒီဟောပြောချက်ကို အားလုံးလေ့လာလို့ ရအောင် မြန်မာလို ဘာသာပြန်ပေးလိုက်ပါတယ်။ မြန်မာလို ဖတ်နိုင်အောင် Language ထဲမှာ မြန်မာစာကို ရွေးပေးလိုက်ပါ။

     ဒီဘာသာပြန်ကို ပြန်လည် သုံးသပ်ပေးတဲ့ TED Translator ကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောကြားလိုက်ပါတယ်။

ပျော်ရွှင်ကြပါစေ
မောင်မောင်

No comments:

Post a Comment