ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ May your mind and body be peaceful! 祝你身心愉快! ပျော်ရွှင်ပါစေ။ May you be happy! 祝你快乐! မောင်မောင် - ဘာသာပြန်မှတ်စုများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ May your mind and body be peaceful! 祝你身心愉快! ပျော်ရွှင်ပါစေ။ May you be happy! 祝你快乐! မောင်မောင် - ဘာသာပြန်မှတ်စုများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ May your mind and body be peaceful! 祝你身心愉快! ပျော်ရွှင်ပါစေ။ May you be happy! 祝你快乐!

Friday, January 15, 2010

နောင်တကင်းတဲ့ခရီး




I Don't Regret a Mile

Chorus:

I don't regret a mile I've traveled for my Lord.
ဘုရားသခင်အတွက် ငါသွားခဲ့ရတဲ့ ခရီးတွေကို  နောင်တမရပါဘူး...

I don't regret the time I've trusted in his word.
သူ့စကားတွေကို ယုံကြည်ခဲ့တဲ့ အချိန်တွေအတွက်လည်း ငါ နောင်တမရပါဘူး...

I've seen the years go by many days without a song.
သီချင်းတွေမရှိပဲနဲ့ ဖြတ်သန်းကျော်လွန်ခဲတဲ့ နှစ်တွေကိုလည်း ငါ တွေ့ကြုံခဲ့ဖူးပါပြီ...

I don't regret a mile I've traveled for my Lord.
ဘုရားသခင်အတွက် ငါသွားခဲ့ရတဲ့ ခရီးတွေကို  နောင်တမရပါဘူး...

I've dreamed many a dream that's never came true,
ဘယ်တော့မှ အကောင်အထည်ပေါ်မလာတဲ့ အိပ်မက်တွေလည်း ငါ မက်ခဲ့ဖူးပါတယ်...

I've seen them vanish at dawn,
သူတို့တွေ မနက်လင်းတဲ့အခါမှာ ပျောက်ပျက်သွားတာကိုလည်း ငါ မြင်ခဲ့ဖူးတယ်...

Oh...But enough of those dreams have come true
ဒါပေမယ့်လေ... အဲဒီ အိပ်မက်တွေထဲက (လုံလောက်တဲ့) တချို့အိပ်မက်တွေကတော့ တကယ်ဖြစ်လာခဲ့ပါတယ်...

To make me keep dreaming on
ငါ့ကို အိပ်မက် ဆက်ပြီးမက်နိုင်အောင်လို့ပေါ့...

I've prayed many a prayer seemed no answer would come,
ဘာအဖြေမှ ပြန်ရလာမယ့်ပုံမပေါ်တဲ့ ဆုတောင်းစာတွေကိုလည်း ငါ ရွတ်ဖတ်ခဲ့ပါတယ်...

Though I'd waited patient and long;
စိတ်ရှည်ရှည်နဲ့ အကြာကြီးစောင့်ဆိုင်းခဲ့ပေမယ့်ပေါ့...

Oh...But enough of answers have come to those prayers
ဒါပေမယ့်လေ...အဲဒီ ဆုတောင်းမှုတွေထဲက (လုံလောက်တဲ့) တချို့ဆုတောင်းမှုတွေအတွက် အဖြေတွေလည်း ရောက်လာခဲ့ကြပါပြီ...

To make me keep praying on
ငါ့ကို ဆက်ပြီး ဆုတောင်းမှုပြုနိုင်အောင်လို့ပေါ့...

I've sown many a seed that fell by the wayside
လမ်းဘေးကို (အလဟဿ)ကျသွားကြတဲ့...မျိုးစေ့များစွာကိုလည်း ငါ ကြဲချစိုက်ပျိုးခဲ့ဖူးပါတယ်...

For the birds to feed upon
ငှက်ကလေးတွေ အစာရအောင်လို့ပေါ့...

Oh...But I've held enough of golden sheaves in my hands
ဒါပေမယ့်လေ...ငါ့လက်ထဲမှာ ကောက်လှိုင်းစည်းတွေ လုံလုံလောက်လောက် ဆုပ်ကိုင်ထားနိုင်ခဲ့ပါတယ်...

To make me keep sowing on
ငါ့ကို ဆက်လက် ကြဲချစိုက်ပျိုးနိုင်အောင်လို့ပေါ့...

I've trusted many a friend that's failed me
ငါ့ကို ကျဆုံးအောင်လုပ်တဲ့ သူငယ်ချင်းပေါင်းများစွာကို ငါ ယုံကြည်ခဲ့ဖူးပါတယ်...

And left me to weep alone
ငါ့ကို တစ်ယောက်ထဲ ငိုကျန်နေစေခဲ့တာပေါ့...

Oh...But enough of those friends have proved to be true-blue
ဒါပေမယ့်လေ...အဲဒီသူငယ်ချင်းတွေထဲက (လုံလောက်တဲ့) သူငယ်ချင်းအချို့ကတော့ (ငါ့အပေါ်) စစ်မှန်တယ်ဆိုတာ သက်သေပြနိုင်ခဲ့ကြပါတယ်...

To make me keep trusting on
ငါ (သူငယ်ချင်းတွေအပေါ်) ဆက်ပြီး ယုံကြည်နေအောင်လို့ပေါ့...

I've drunk the cup of disappointment and pain,
စိတ်ပျက်စရာတွေနဲ့ နာကြင်မှုတွေကို ငါသောက်သုံးခဲ့ပြီး...

And gone many a day without a song
သီချင်းတွေမပါပဲနဲ့လည်း ရက်ပေါင်းများစွာ ငါ ဖြတ်ကျော်သွားခဲ့ဖူးပါတယ်...

Oh...But I've sipped enough of nectar from the roses of life
ဒါပေမယ့်လေ...ဘ၀ဆိုတဲ့ နှင်းဆီပန်းထဲကနေ လုံလောက်တဲ့ ၀တ်ရည်တွေကို ငါ သောက်ခဲ့ပြီးပါပြီ...

To make me want to live on
ငါ့ကို ဆက်ပြီးရှင်သန်နေချင်အောင်လို့ပေါ့...

Chorus:

I don't regret a mile I've traveled for my Lord.
ဘုရားသခင်အတွက် ငါသွားခဲ့ရတဲ့ ခရီးတွေကို  နောင်တမရပါဘူး...

I don't regret the time I've trusted in his word.
သူ့စကားတွေကို ယုံကြည်ခဲ့တဲ့ အချိန်တွေအတွက်လည်း ငါ နောင်တမရပါဘူး...

I've seen the years go by many days without a song.
သီချင်းတွေမရှိပဲနဲ့ ဖြတ်သန်းကျော်လွန်ခဲတဲ့ နှစ်တွေကိုလည်း ငါ တွေ့ကြုံခဲ့ဖူးပါပြီ...

I don't regret a mile I've traveled for my Lord.
ဘုရားသခင်အတွက် ငါသွားခဲ့ရတဲ့ ခရီးတွေကို  နောင်တမရပါဘူး...

--------------------------------------------------------------------------

ဒီကနေလည်း သွားကြည့်နိုင်ပါတယ်။ http://www.youtube.com/watch?v=K6wD3yfAPKI

သူတိုရဲ့ The Happy Goodman Family ဟာ အလွန်စိတ်ဝင်စားစရာကောင်းပါတယ်။ Gospel Songs တွေနဲ့ လောကကြီးကို အလှဆင်ခဲ့ကြသူတွေပါ။ ဒီ Link ကနေသွားဖတ်နိုင်ပါတယ်။ http://www.answers.com/topic/the-happy-goodman-family

ကွန်တော်တို့မှာလဲ Gospel Songs တွေလို ဘာသာရေးနဲ့ပတ်သက်ပြီး အားပေးထားတဲ့ သီချင်းတွေ အများကြီးရှိကောင်းရှိမှာပါ။



မောင်မောင်
၁၅-၀၁-၂၀၁၀ ည ၁၀း၂၄

1 comment:

  1. အမှန်တော့ သီချင်းက ဘာသာရေးနဲ့ ပတ်သက်နေပေမယ့် ယူတတ်ရင် ရနိုင်ပါတယ်။ မိမိယုံကြည်ရာတခုအတွက်၊ တစုံတယောက်အတွက်၊ မိမိပန်းတိုင်အတွက် ဘ၀မှာ လျှောက်လှမ်းရင်း အဆိုးတရားတွေနဲ့ ကြုံခဲ့ရင် ဒီလို အားပြန်ပေးပြီး ဆက်လျှောက်သင့်ကြပါတယ်။ ဇွဲဆိုတဲ့ စကားလုံးကို ဒီသီချင်းကနေ ဖော်ယူလို့ရနိုင်ပါတယ်။ စာဖတ်မိတ်ဆွေများ ဘယ်လိုအခြေအနေမှာ ရှိနေပါစေ အားအင်ပြည့်ဝစွာနဲ့ မိမိယုံကြည်ရာ ဘ၀ခရီးပန်းတိုင်ကို ဆက်လက်ချီတက်နိုင်ကြပါစေ။

    ReplyDelete